သူများနိုင်ငံတွေမှာ ကလေးတွေကို ငယ်စဉ်ကတည်းက အားလုံးကို စဉ်းစားတတ်အောင် သင်ပေးတာပါတယ်.. အိမ်စာတွေကို ပေးတဲ့အခါမှာ ၀ါကျတွေ ဖွဲ့ခိုင်းပါတယ်.. စာလုံးတစ်လုံးကနေပြီး ၀ါကျဖွဲ့ခိုင်းတာ မဟုတ်ဘဲ စာကြောင်းတစ်ဝက်ကနေပီး အဓိပါယ်ရှိအောင် ဆက်ပီး ရေးစေတာပါ.. လူတွေရဲ့ဦးနှောက်က မစဉ်းစားတာ ကြာလာရင် တုန်းတုန်းလာပါတယ်.. ဒီလိုလုပ်ပေးခြင်းအားဖြင့် ကလေးတွေအနေနဲ့ ကိုယ့်စိတ်ကို သိလာစေသလို ဆရာတွေကလည်း ကလေးတစ်ယောက်ရဲ့ စိတ်ကို ခန့်မှန်းရလွယ်လာပါတယ်.. တကူးတကလုပ်ပေးတာ မဟုတ်ဘဲ စာအရေးအသား သဒ္ဒါကို စစ်ရင်း စဉ်းစားတတ်အောင် သင်ပေးတာဖြစ်ပါတယ်.. အခုအောက်မှာရေးပေးတဲ့ စာကြောင်းများက ဘာသာပြန်များသာဖြစ်ပါတယ်.. အဲဒါလေးတွေကို ကိုယ့်ဟာကို စဉ်းစားပီး ဖြည့်ပေးပါ.. အဖြေမှာ အမှန် အမှား မရှိပါဘူး ... သင်ဖြည့်လိုက်တာတွေ ဟာ သင့်အတွက်တော့ အားလုံးမှန်နေမှာပါ.. အရေးကြီးတာက ဖြည့်လိုက်ဖို့ပါပဲ ...
၁။ ကျွန်တော် .................. ဖြစ်ချင်တယ်။
ဖြစ်သော်လည်း....
၂။ .............ဖြစ်သော်လည်း ကျွန်တော် ကျောင်းကို သွားခဲ့ပါတယ်။
၃။ .............ဖြစ်သော်လည်း သူမဟာ မင်းသမီး မဖြစ်ခဲ့ပါဘူး။
၄။ .............ဖြစ်ပေမယ့်လည်း ကျွန်တော်တို့ တိုင်းပြည်ကြီးက စျေးကွက်စီးပွားရေးစနစ်ထဲကို ၀င်ရောက်ခဲ့ပါတယ်။
၅။ .............ဖြစ်ပေမယ့် သူဟာ မလာနိုင်ခဲ့ပါဘူး။
၆။ .............ဖြစ်ပေမယ့် ငါးဖမ်းသမားဟာ ပင်လယ်ကို ထွက်ခဲ့ပါတယ်။
၇။ .............ဖြစ်ပေမယ့် ကျွန်တော်ဟာ နယ်စပ်မြို့လေးကို အနားယူဖို့ ထွက်ခဲ့ပါတယ်။
၈။ .............ဖြစ်ပေမယ့် ကျွန်တော်ဟာ တက္ကသိုလ် ဆေးပညာ ဌာနကို တက်ရပါတော့မယ်။
၉။ .............ဖြစ်သော်လည်း ကျွန်တော်ဟာ သူနဲ့ တွေ့တာနဲ့ ပျော်ရွှင်ရပါတယ်။
၁၀။ ............ဖြစ်ပေမယ့် ဆရာဝန်တွေဟာ အက်ဆီးဒန့် ဖြစ်တဲ့ လူနာကို မကယ်နိုင်ခဲ့ပါဘူး။
၁၁။ ............ဖြစ်ပေမယ့်လည်း ဒီအဆောက်အဦဆောက်လုပ်မှုက စက်တင်ဘာ ၁ ရက်နေ့တိုင်အောင် မပြီးသေးပါဘူး။
၁၂။ ကျွန်တော် အခုဘဝမှာ နေရတာပျော်ပါတယ် ဘာလို့လဲဆိုတော့ ......................
၁၃။ ခက်ခဲပေမယ့်လည်း ဒီလူဟာ ............................................
၁၄။ မိဘတွေ တားမြစ်ထားတဲ့ကြားက သူဟာ .....................................
၁၅။ ဒီပုဒ်စာက လွယ်ပေမယ့် သူဟာ ...........................................
၁၆။ ပတ်ဝန်းကျင်ရဲ့ ထင်မြင်ချက်ဖြစ်ပေမယ့် ......................................
၁၇။ ဘောလုံးပြိုင်ပွဲ နောက်ဆုံးပွဲရလဒ်က ဘာပဲဖြစ်ဖြစ် ...............................
၁၈။ ဒီလောက်မအားလပ်တဲ့ ကြားက ဒီလူဟာ ....................................
၁၉။ သူဘယ်လိုထင်ထင် ကျွန်တော်ကတော့ .....................................
၂၀။ ......................................ဖြစ်ပေမယ့်လည်း လူငယ်ဒီရိုက်တာလေးရဲ့ ဒီဇာတ်လမ်းလေးက ပရိတ်သတ် အားလုံးကို ဆွဲဆောင်သွားခဲ့ပါတယ်။
၂၁။ ဒီစူပါမားကတ်မှာ ပစ္စည်း အမျိုးအစားများပေမယ့်လည်း ကျွန်တော် ...................
၂၂။ အရမ်းချမ်းပေမယ့်လည်း ...............................................
ဆက်ပါဦးမယ်
ဦးနှောက်ကို မေးကြည့်ပါ (၁)
Sunday, October 31, 2010
min that thant
Posted in
Thinking
Subscribe to:
Post Comments (Atom)

No Response to "ဦးနှောက်ကို မေးကြည့်ပါ (၁)"
Post a Comment