My Brute လက်ရှိ အခြေအနေ

ယောကျ်ားလေးများ သိသင့်ပါတဲ့ အချက်

၁။ ငါငိုရင် နင်မှားတယ်မမှားတယ်ဆိုတာကို ထားလိုက် ယောကျင်္ားလေးပီပီ အရင်လာချော့ပါ။
၂။ စက္ကန့်တိုင်း မင်းကို သတိရနေမှာမဟုတ်ပါဘူး။ မင်းနဲ့အတူတူလောက်ပါပဲ။
၃။ ကောင်လေးချောတာလေးတွေတွေ့ရင် ငါတို့လဲ ကြည့်ချင်တာပေါ့။
၄။ ငါမင်းကို ရစ်နေတယ် ရှုပ်နေတယ် ဆိုတာကလဲ မင်းကို ဂရုပိုစိုက်စေချင်လို့ပါ။
၅။ မင်းချမ်းသာဖို့မလိုပါဘူး ဒါပေမဲ့ ချမ်းသာတဲ့သူ ဖြစ်ရမယ် ဆိုတဲ့ ရည်ရွယ်ချက်ရှိရင် လုံလောက်ပါပြီ။
၆။ တခါတလေ အပြင်သွားရင် သပ်သပ်ရပ်ရပ်လေးတော့ ၀တ်လာမှပေါ့။
၇။ ငါကလဲ အချောဆုံး အလှဆုံးမဟုတ်ပါဘူး။ ဒါပေမဲ့ ငါ့ကို လှတယ် ချစ်ဖို့ကောင်းတယ် နူးညံ့သိမ်မွေ့တယ်လို့ ပြောတာတော့ ကြားချင်တာပေါ့။
၈။ ငါဆံပင်ကေပြောင်းတာ၊ မျက်လုံးအရောင်ခြယ်တာ၊ ဆံပင်အရောင်ပြောင်းတာ၊ ဖိနပ်အသစ်ဝတ်တာတွေ ကို မင်း သတိထားမိစေချင်ပါတယ်။
၉။ အသိအမှတ်ဖြစ်တဲ့ရက် မွေးနေ့တွေကို မင်းသိရမယ်။
၁၀။ ငါရဲ့ကိစ္စတွေအားလုံးကို မင်းကို ဝေမျှချင်တယ်။ ငါဘာကို လိမ်းထားတာ အလှပြင်တဲ့အကြောင်းပြောရင် နားမလည်နေရင်တောင် နားထောင်စေချင်ပါတယ်။
၁၁။ တခါတလေ အိပ်ခါနီး ဖုန်းလေး တချက်လောက်ဆက်ပါလား။ ဖုန်းပြောပြီးမှ
မင်းအိပ်သွားတာကလဲ ငါတို့ ကြည်နူးစရာပါ။
၁၂။ မင်းချောဖို့မလိုပါဘူး။ သန့်နေရင် သပ်သပ်ရပ်ရပ် နဲ့ ကိုယ့်စတိုင်လ်နဲ့ ကိုယ် နေပါ။
၁၃။ ငါလဲ ဒေါသထွက်တက်တာပေါ့။ အဲလိုဆိုရင် တလမှာ ၃ရက်လောက်တော့ ခွင့်လွတ်ပါ။
၁၄။ ငါက မင်းလျှပ်စစ်ပစ္စည်းတွေအားလုံးကို မင်းပြင်တတ်တယ် ကျွမ်းကျင်တယ်လို့ ယူဆထားမယ်။ ဒါကလဲ မသိရင်တောင် သွားပြင်ဖို့ နေရာလေးတော့ လိုက်ပို့ပြီး အဆင်ပြေအောင် လုပ်ပေးပါဆိုတဲ့ သဘောပါ။ တနည်းပြောရရင် အားကိုးတာပေါ့။
၁၅။ တချို့တွေကို ငါလဲလုပ်တတ်ပါတယ်။ ဒါပေမဲ့ မင်းလုပ်ပေးတာကို လိုချင်လို့ပါ။
၁၆။ မင်းဘယ်နေရာမှာ ဘယ်သူနဲ့ ဆိုတာတွေကို ဖုန်းဆက်ပြီးပြောပြပါ မင်းရဲ့ အရိပ်လိုသိနေချင်ပါတယ်။ တဆင့်စကားကနေကြားရင် မိန်းကလေးဆိုတဲ့အတိုင်းအားငယ်တယ် စိတ်ဆိုးတတ်တယ် ပြီးရင် ၀မ်းနည်းနေမယ်။
၁၇။ ငါဖုန်းကို ဒီတိုင်းချလိုက်ရင် မင်းချက်ချင်းဖုန်းပြန်ဆက်ပါ……
၁၈။ မင်းဗိုက်ခေါက်ရှိတာကို ငါမပြောပါဘူး ဒါပေမဲ့ အရမ်းတော့ မဝစေနဲ့။ ငါ့ထက်လဲ မပိန်စေနဲ့။
၁၉။ ကြွက်သားတွေနဲ့ ဗလတွေနဲ့ က ခုခေတ်မိန်းကလေးတွေရဲ့အကြိုက်မဟုတ်ပါဘူး။ ရွံစရာကောင်းပါတယ်။
၂၀။ မင်းမှာ ဆိုးတဲ့အပေါင်းအဖော်တွေရှိရင် ငါ မပေါင်းစေချင်ပါဘူး။ သူတို့လို မင်းဆိုးမှာစိုးလို့ပါ။
၂၁။ ငါ့သူငယ်ချင်းတွေကို လဲ မင်းလက်ခံနိုင်အောင်ကြိုးစားပါ။
၂၂။ ငါထမင်းဟင်းတွေချက်ကျွေးရင် စားပဲမစားနဲ့ ကောင်းတယ်တော့ တခွန်းလောက်ပြောမှပေါ့။
၂၃။ စာရေးတာ ပုံဆွဲတာ အားကစားတခုခု သီချင်းဆိုတာ တို့ကို မင်းတခုလောက်တော့ တတ်သင့်တယ်။ ဂိမ်းကစားတာမပါ။ တခုလောက်ကကျွမ်းကျင်နေပြီး ကျန်တာတွေကို သိသင့်သလောက်သိရမယ်။
၂၄။ ငါ့အလုပ်ကို လေးစားရမယ်။
၂၅။ gentle man ဆိုတာအထက်စည်းကနေရမယ်လို့ မဆိုလိုဘူး။
၂၆။ နူးည့ံသိမ်မွေ့တယ်ဆိုပေမဲ့ ကိုယ်တိုင်ဆုံံးဖြတ်နိုင်တဲ့အရည်အချင်းရှိပါတယ်။
၂၇။ ငါထမင်းချက်ပြီးရင် ပန်းကန်ဆေးဖို့ပြင်ထားပါ။ ငါတံမြက်စည်းလှည်းပြီးရင် ကြမ်းတိုက်ဖို့ပြင်ထားပါ။
၂၈။ မင်းအလုပ်ကြိုးစားတာကို ငါသဘောကျတယ်။ ဒါပေမဲ့လဲ ငါ့ကိုတော့ အဖော်ပြုအုုံး။
၂၉။ ငါက ဘယ်ကို သွားမလဲလို့မေးရင် ကြိုက်တဲ့နေရာသွားလို့မပြောပါနဲ့။ အဲဒါက အလိုလိုက်တာမဟုတ်ဘူး ငါနဲ့ ချိန်းတွေ့တာ စိတ်မပါသလို ငါခံစားရလို့ပါ။
၃၀။ ငါကသာ ပိန်အောင်အစားလျော့မယ်လို့ပြောရင် ငါလုံးဝမဝဘူး အစားမလျော့နဲ့ မင်းလေးကိုချစ်နေမှာပါပဲ ဆိုတဲ့ စကားကို ကြားချင်လို့ပါ။
၃၁။ မိန်းကလေးသူငယ်ချင်းတွေကို ရင်းရင်းနှီးနှီးသိပ်မဆက်ဆံပါနဲ့။ ချစ်သူရှိကြောင်းပြောပြီး စည်းလေးတခုနဲ့နေပါ။ မိန်းကလေးတယောက်က အရှက်သိက္ခာနဲ့ လူလုပ်နေတာပါ။
၃၂။ ငါမှာ ယောကျင်္ားလေးသူငယ်ချင်းတော့ ရှိသင့်တာပေါ့။ မိန်းကလေးတွေက အချစ်နဲ့ ခင်မင်မှုကို စည်းနဲ့မဟုတ်ပါဘူး။ တံတိုင်းနဲ့ကို ခြားထားတာပါ။
၃၃။ ငါကတော့ မင်းနဲ့ သိတဲ့ မိန်းကလေးတွေအားလုံးကို အဘွားကြီး အဒေါ်ကြီး ဒါမှမဟုတ် ရုပ်ဆိုးတဲ့ ရွယ်တူကောင်မလေးပဲ ဖြစ်စေချင်တယ်။
၃၄။ မင်းရဲ့ အရင်ရည်းစားတွေအကြောင်းအားလုံးကို သိချင်တယ်။ အသေးစိတ်ကို သိချင်တာ။
၃၅။ ငါလဲ ရည်းစားဟောင်း အချစ်ဦး ကြိုက်ခဲ့တဲ့ မင်းသား ကိုတော့ တခါတလေသတိရမိတာပေါ့။ ကလေးတုန်းကမို့ သတိရပြီး သဘောကျမိတာပါ။ ခု၊ နောင် ချစ်သွားမှာက မင်းကို လေ။
၃၆။ ငါတို့တွဲတာကြာပြီဆိုပေမဲ့ မထင်မှတ်တဲ့ surprise လေးတော့ မင်းဆီကလိုချင်တာပါပဲ။
၃၇။ ငါကို ချစ်တယ်လို့ ပြောပါ။ မပြောရင် မချစ်တော့ဘူးလားဆိုပြီး တွေးနေတတ်လို့ပါ။
၃၈။ လူတွေရဲ့အရှေ့မှာ မင်းငါ့ကို မအော်ပါနဲ့။ ငါလဲမင်းကို လေးစားမှာပါ။ မင်းရဲ့ သူငယ်ချင်းရှေ့မှာတောင် မင်းကို မျက်နှာပျက်အောင် မလုပ်ပါဘူး။
၃၉။ ငါလုပ်မှားသွားလို့ မင်းဆုံးမမယ် မင်းအော်မိမယ်ဆိုတာတွေထားပါ။ အရေးကြီးတာတော့ ပြီးသွားရင် အနမ်းလေးနဲ့တော့ ချော့ပါ။
၄၀။ ငါ့အတွက် မင်းနဲ့ပြည့်စုံနေပြီဆိုပေမဲ့ တခြားသူတွေကတော့ ငါ့ကို ပိုးပန်းနေကြမှာပဲ။
၄၁။ ငါစိတ်ဆိုးလို့ ငါ့ကိုနောက်လာမရှာနဲ့ ဖုန်းမဆက်တော့နဲ့လို့ပြောနေတာက မင်းကို လာရှာခိုင်းတာ ဖုန်းဆက်ခိုင်းတာပါ။
၄၂။ ငါမင်းဘေးမှာရှိတဲ့ မိန်းကလေးသူငယ်ချင်းတွေနဲ့ နှိုင်းယှဉ်တယ်ဆိုတာ က ငါကသူတို့ထက်မင်းကိုစိုးမိုးနိုင်တယ် မင်းကို ရင်ခုန်အောင် ငါပဲလုပ်နိုင်တာပါ။ ငါကလွဲလို့ ဘယ်သူကိုမှ မချစ်ဘူးဆိုတာကို သိချင်နေလို့ပါ။
၄၃။ ငါစိတ်ဆိုးရင် ချက်ချင်းချော့ပါ။ အေးဆေးသွားဖို့ အချိန်မပေးပါနဲ့။ ငါအေးဆေးသွားဖို့ အချိန်တွေမလိုအပ်ပါဘူး။
၄၄။ ငါကြိုက်တယ်လို့ပြောတဲ့ ပစ္စည်းတွေကို အားလုံးဝယ်ပေးစရာမလိုပါဘူး။ အမှတ်တရဖြစ်စေတဲ့နေ့တွေမှာ တခုနှစ်ခုလောက်ဝယ်ပေးရင် ကျေနပ်ပါတယ်။ မင်းစိတ်ထဲမှာ ငါ့အတွက်ရှိနေတာသိရင်လုံလောက်ပါတယ်။
၄၅။ ချစ်သူပြောရင်သေချာနားထောင် ဒီဘက်နားဝင် ဟိုဘက်နားထွက်တော့ မလုပ်ပါနဲ့။
၄၆။ သူငယ်ချင်းတွေနဲ့ သွားပါ။ လည်ပါ။ တခါတခါတော့ ငါလဲ လိုက်ချင်တာပေါ့။ မင်းရဲ့သူငယ်ချင်းတွေက ငါကမင်းရဲ့ ချစ်သူပါဆိုတာကို သိစေချင်တယ်လေ။
၄၇။ ဒီသီချင်းအရမ်းကောင်းတယ်လို့ပြောတဲ့အချိန်မှာ စာသားလေးကို သတိထားပြီး နားထောင်ပေးပါ သီချင်းစာသားထဲမှာ ငါပြောချင်တဲ့ စကားလေးရှိနေလို့ပါ။
၄၈။ shopping ထွက်တာမိန်းကလေးတွေရဲ့သဘာဝပါ။ ဒါကို အပစ်မပြောပါနဲ့။ တခါတလေမှာ ငါ့ကို ခေါ်ပြီး လိုက်ဝယ်ပေးပါလား။
၄၉။ မင်းရဲ့မိဘရှေ့မှာ ငါအိမ်အလုပ်မလုပ်တတ်ဘူးလို့မပြောနဲ့။ လုပ်တတ်တယ်လဲမပြောပါနဲ့။
၅၀။ ဖြစ်သလို ဘယ်တော့မှ လက်ဆောင်မပေးပါနဲ့။
ရေးသားသူ-novemberpearl(နိုဝင်ဘာပုလဲ)

MSVS 2005 and MSVS 2008 (Make sure the application for the projcet type(.csproj)is installed.)

၀င်းဒိုးအသစ်မတင်ခင်က microsoft VS 2005 နဲ့ သုံးနေကျ။ ပြီးတော့ ၀င်းဒိုးအသစ်တင်ပြီးတော့ VS 2008 လေးသုံးချင်လာရော။ ဒါနဲ့ VS 2008 ကို install လုပ်ပြီးသုံးတဲ့ အခါမှာ project ကို MS 2008 နဲ့ double click လုပ်ပြီး ဖွင့်လိုက်တာနဲ့ အောက်က error တက်လာပါလေရော ။ ခေါင်းကိုစားသွားတာပဲ အရင်က ရေးထားတာလေးတွေ ပျက်ကုန်ပြီလားလို့ ။

နောက်တော့မှ MSVS 2008 ကို ဖွင့်ပြီး အဲဒီကနေ file=>open=> project/solution ကနေ ခုနက ဖိုင်အဟောင်းတွေကို ဖွင့်လိုက်။ အဲဒီမှာ သူက format ပြောင်းမလားမေးမယ်။ အဲဒါမှာ ပြောင်းလိုက်ရင်ရပြီ။

How to import old MSSQL database files to new MSSQL server

အရင်ဝင်းဒိုးဖြုတ်ခါနီးမှာ SQL database files တွေကို save လုပ်ထားခဲ့ရပါမယ်။ C:\Program Files\Microsoft SQL Server\MSSQL.1\MSSQL\Data ထဲကနေ example file နဲ့ example_log file နှစ်ခုကို copy လုပ်ထားရပါမယ် ။ အဲဒါတွေကို copy လုပ်ဖို့ကတော့ SQL service 7 ခုကို ပိတ်ထားရပါမယ်။ ပြန်ပြီး import လုပ်ဖို့ကတော့ အရင်ဆုံး အဲဒီ files နှစ်ခုကို လက်ရှိ SQL server ရဲ့ C:\Program Files\Microsoft SQL Server\MSSQL.1\MSSQL\Data အတွင်းကို ပြန်ထည့်ပေးပါ။ ပြီးရင် SQL server management studio တွင်းကို ၀င်လိုက်ပါ။ ပြီးရင် tree view ကနေ server name =>Databases ကနေ right click => Attach.. ကိုရွေးပါ။ Add မှာ ခုနက paste လုပ်ထားတဲ့ file တွေကို ပေါင်းပေးလိုက်ရင် ရပါပြီ။

How to set sa login in MSSQL server

၀င်းဒိုးအသစ်တင်တိုင်း အဲဒါကို Run ရတာက အလုပ်တစ်ခုလိုပါပဲ။ ဒီနေ့ window အသစ်တင်လိုက်ပါတယ် ။ IIS server တင်ချင်လို့ အသစ်လုပ်လိုက်ရတာ ။ ပြီးတော့ visual studio 2008 ကို တင်လိုက်ပါတယ်။ တစ်နေ ကိုကုန်ရောပဲ။ MSSQL တင်တိုင်း အဲဒီ login name ပြောင်းရတာက ရှုပ်ပါတယ်။ အခုနည်းလေးအတိုင်းသာလုပ်လိုက်ပါ ။ အရမ်းမြန်တယ် ။

1.Open the SQL Server express management studio
2.Connect to SQL Server using windows authentication
3.Right click the server name and choose properties
4.Go to security tab. Change server authentication to “SQL Server and Windows Authentication mode”
5.Click OK and restart SQL Server
6.Go to SQL Server studio management express
7.Expand the server and choose security and expand logins
8.Right click on SA, from properties modify the password and confirm password

This changed pass should work.


more info
http://ashrafur.wordpress.com/2008/01/04/set-sa-password-using-sql-server-management-studio/

powered by Blogger