Show favicon in blogger

ကျွန်တော်တို့ blog တွေမှာ ရှိပါတယ်။ browser address bar မှာရယ်၊ နောက်ပြီး web page ကို new tab နဲ့ ဖွင့်ထားတဲ့ အခါ blog name ရဲ့ ဘေးမှာရယ်် image သေးသေးလေး ကိုထည့်တားတာလေးပါ။ အောက်ပါအတိုင်း လွယ်လွယ်လေး လုပ်နိုင်ပါတယ်။ အဲဒါလေးကို favicon လို့ခေါ်ပါတယ်။

အရင်ဆုံး < head> ကို အရင်ရှာပါ။ အောက်က ကုတ်လေးကို ကော်ပီကူးပြီး < head> အလွန်မှာ ထည့်ပါ။

< link href='http://www.iconj.com/ico/m/k/mk13dr2mta.ico' rel='shortcut icon'/>

“http://www.iconj.com/ico/m/k/mk13dr2mta.ico” အစား upload တင်ထားတဲ့ link ကိုထည့်ပါ။
MORE INFO => http://www.thetricks.net/2010/01/show-favicon-in-blogger-and-wordpress.html

LESSON(3) Ports and Protocols

ဒီ Lesson မှာတော့ အောက်ပါအပိုင်းများကို ရှင်းလင်းသွားပါမယ်။
၁။ the concepts of networks
၂။ IP address
၃။ ports and protocols

Basic concepts of networks
Devices (နက်ဝတ်ချိတ်ဆက်မှု ပစ္စည်းများ)
ports နဲ့ protocols များကို နားလည်ဖို့ အရင်ဆုံး နက်ဝတ်ချိတ်ဆက်တဲ့ နေရာတွေမှာ သုံးတတ်တဲ့ ပစ္စည်းများနဲ့ ရင်းနှီးအောင် အရင်ဆုံးလုပ်ထားရပါမယ်။ အောက်မှာ ပြထားတာတွေကတော့ နက်ဝတ်တစ်ခု ချိတ်တော့မယ်ဆိုရင် ပါ၀င်လေ့ ရှိတဲ့ ပစ္စည်းများ ဖြစ်ပါတယ်။

Topologies (နက်ဝတ်ချိတ်ဆက်ပုံ နည်းလမ်းများ)









How to remove sshnas.dll or sshnas21.dll trojan (Remove trojan FakeAlert)

မနက်စောစော mozilla ကို ဖွင့်ရင်းနဲ့ Adobe Flash Player update ဆိုပြီးတက်လာလို့ အဲဒါ install လုပ်မိပါတယ်။ ပြီးလည်း ပြီးရော mozilla ကို ဖွင့်တဲ့ အချိန်မှာ Antivirus ကနေပြီး alert တက်လာပါတယ်။ trojan ရောက်နေပြီတဲ့။ ဒါနဲ့ internet မှာ ရှာကြည့်တော့ Trojan FakeAlert ဖြစ်နေပါတယ်။ sshnas.dll နဲ့ sshnas21.dll ဆိုတာ Trojan FakeAlert ရဲ့ component လေးတွေပါ။ user ဟာ malicious website တွေကို ဖွင့်ကြည့်ရင်းနဲ့ Adobe Flash Player update (သို့) movie ကို online မှာကြည့်ဖို့ player လိုတယ်ဆိုပြီး alert လာပါလိမ့်မယ်။ Trojan ဖိုင်နာမည်က flash-HQ-Plugin ဆိုပြီး လာပါလိမ့်မယ်။ အဲဒီမှာ trojan ၀င်လာပါပြီ။ တခါ ဒီဖိုင်ကို ဒေါင်းလိုက်တာနဲ့ အောက်ပါ components တွေကို auto install လုပ်သွားပါလိမ့်မယ်။ c.exe, msa.exe and sshnas.dll (sshnas21.dll). တို့ ဖြစ်ပါတယ်။ ဒေါင်းပြီးသွားတာနဲ့ သူဟာ window starts တာနဲ့ automatically Run နိုင်အောင် configured လုပ်ပါလိမ့်မယ်။

အကျိုးသက်ရောက်မှုများ
1. Display many popups and fake security alerts
2. Hijack Internet Explorer
3. Disable Windows Task Manager and Registry editor

သင့်ကွန်ပြူတာမှာ infected ဖြစ်ခဲ့ ရင် MalwareBytes Anti-malware ကို ဒေါင်းပြီး ဖြေရှင်းလိုက်ပါ။ install လုပ်ပြီး update လုပ်ပေးပါ။ သူက လည်း free version ပါပဲ။

ပြီးရင် Perform quick scan လုပ်တာနဲ့ အဲဒီ ဖိုင်တွေပေါ်လာပါလိမ့်မယ်။ Remove selected လုပ်လိုက်ရင် အားလုံးရှင်းသွားပါပြီ။

MORE INFO => http://www.myantispyware.com/2009/12/02/how-to-remove-sshnas-dll-trojan-remove-trojan-fakealert/

How To: Reset Identity column in SQL Server

CMS လုပ်နေတုန်း MSSQL server မှာ table ဆောက်ပါတယ်။ အဲဒီမှာ column တစ်ခုကို auto number ဆိုပြီး ရွေးလိုက်ပါတယ်။ အဲဒါလုပ်ထားလိုက်ရင် user ကနေ အဲဒီ column ကို manual ဖြည့်စရာ မလိုတော့ပါဘူး။ အဲလိုလုပ်ပြီး data တွေ ထည့်လိုက် ဖျက်လိုက်လုပ် ကြည့်ပါတယ်။ အဲဒီမှာ data တွေအားလုံးကို ဖျက်ပြီး တော့ နောက် အသစ်ထည့်လိုက်ရင် auto number က တဖြည်းဖြည်းတိုးတိုးလာပါတယ်။ အဲဒီ column ကိုပြန်ပြီး Reset လုပ်ဖို့လို လာပါတယ်။ ဘယ်လိုလုပ်ရမလဲ ဆိုတာရှာကြည့်လိုက်တော့ အောက်ကအတိုင်းတွေ့ ရပါတယ်။ databae ကို select လုပ် New Query ကိုရွေးပြီးတော့ DBCC CHECKIDENT('Customer', RESEED, 0)
အတိုင်းရိုက်လိုက်ရင် ရပါပြီ။ Customer ကတော့ table name ပါ။ 0 ကတော့ identity column ပါ..

MORE INFO => http://geekswithblogs.net/TakeNote/archive/2007/11/30/117258.aspx

jQuery.ScrollTo အကြောင်း

jQuery.ScrollTo မှာ (၂) မျိုးရှိပါတယ်။ LocalScroll နဲ့ SerialScroll ပါ။ link တွေက Demo page တွေပါ။





MORE INFO => http://demos.flesler.com/jquery/scrollTo/

Tokbox-Free Video Chat and video messaging

မြန်မာနိုင်ငံလို Gtalk Gmail connection တွေနှေးအောင်လုပ်ထားတဲ့ နေရာတွေမှာ meeboလိုမျိုး instant messaging ဆိုဒ်လေးပါ။ သူ့မှာ video chat ပါ ပါတယ်။ အရင်ဆုံး TokBox account ဖောက်ရပါမယ်။ ခဏလေးပါပဲ။ ပြီးရင် စပြီး chat လို့ရပါပြီ။ Signout လုပ်တဲ့ အခါမှာ သတိထားရမှာက Tokbox ကိုရော ၊ Gtalk ကိုရော disconnect လုပ်ရပါမယ်။ သုံးကြည့်ပါ။


OFFICIAL SITE => http://www.tokbox.com/

jQuery.ScrollTopControl အကြောင်း (link to top)

jQuery.ScrollTo by Ariel Flesler
ဒီတလော ကြော်ငြာလေးတွေ့လို့ ကြည့်လိုက်ပါတယ်။ အဲဒီမှာ လုပ်ထားတာလေးကို တွေ့လို့ အရမ်းကြိုက်သွားပြီး code တွေကို ရှာကြည့်လိုက်ပါတယ်။ အဲဒီမှာ jQuery ကို သုံးထားတာတွေ့ရပါတယ်။ အခုနောက်ပိုင်းမှာ javascript လောကမှာ jQuery လိုအသင့်သုံးလေးတွေ တော်တော်ခေတ်စားလာပါတယ်။ အရမ်းလဲ လှပြီး အသင့်သုံးလိုက်ရုံပါပဲ။အဲဒီ code ကိုရှာရင်းနဲ့ အဲဒါကိုတော့ မတွေ့သေးပါဘူး။ အရင်တွေ့တာက page အရမ်းရှည်နေတဲ့ ဘလော့တွေမှာ သုံးတတ်ကြတာလေးပါ။ visitor က ဖတ်ရင်းဖတ်ရင်းနဲ့ page အောက်ဆုံးကိုရောက်သွားရင် အပေါ်ဆုံးကို mouse သုံးပြီး ရွှေ့စရာ မလိုအောင် အောက်မှာ scroll to top ဆိုတဲ့ symbol လေးကို ထည့်ပေးတတ်ကြပါတယ်။ အဲဒါကို နှိပ်လိုက်ရင် page အပေါ်ဆုံးကို ချက်ချင်း ရောက်သွားမယ်ပေါ့။ အခုပြောမှာက အဲလိုလုပ်တာပဲ ဒါပေမယ့် အပေါ်ဆုံးကို ချက်ချင်းရောက်မသွားဘဲ တဖြည်းဖြည်းနဲ့ mouse လေးကို scroll လုပ်ပြီးရောက်သွား သလိုမျိုးလေး ဖြစ်သွားတာအောင် animation ထည့်လိုက်တာပါပဲ။ jQuery ကို သုံးထားပါတယ်။ လုပ်တာက တော်တော်လေးကို လွယ်ပါတယ်။

၁။ ပေးထားတဲ့ Project ထဲက scrolltopcontrol.js နဲ့ jquery.min.js ကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။
၂။ ပုံအနေနဲ့ က အဲဒီ Project ထဲမှာက up.png ကို အသုံးပြုထားပါတယ်။ ကြိုက်သလိုပြင်လို့ ရပါတယ်။ ပုံကို upload တင်ပါ။ ပြီးရင် ရလာတဲ့ link ကို scrolltopcontrol.js ကို ဖွင့်ပြီး controlHTML: ဆိုတဲ့ စာလေးကို ရှာပါ။ အဲဒီနားမှာ ပုံရဲ့ uploaded link လေးထည့်ရမယ့်နေရာ ရှိပါတယ်။ အဲမှာ ထည့်လိုက်ပါ။
၃။ ပြီးရင် ထပ်ပြီး အဲဒီ js ဖိုင်တွေကို upload တင်ပေးပါဦး။
၄။ အဲဒီရလာတဲ့ လင့်တွေကို အောက်ပါအတိုင်းရေးပြီး </head> ရဲ့ အထက်လေးမှာထည့်လိုက်ပါ။
< script type="text/javascript" src="http://smartboy.googlecode.com/files/jquery.min.js"></script>
< script type="text/javascript" src="http://smartboy.googlecode.com/files/scrolltopcontrol.js"></script>
Project download here
MORE INFO => http://www.dynamicdrive.com/dynamicindex3/scrolltop.htm and http://tobielangel.com/examples/auto-scrolling-page-navigation

Writing a simple content management application



CMS application လေးတစ်ခုကို ရေးကြည့်တာပါပဲ။ FCK editor ကို ဒေါင်းပါမယ်။ ပြီးရင် FCKeditor.Net: ASP.Net Control to easily integrate FCKeditor on ASP.NET pages ကို ထပ်ဒေါင်းပါမယ်။ သူက FCKeditor ကို ASP.net မှာ သုံးလို့ရအောင် ချိတ်ပေးတဲ့ (.dll) library file လေးပါ။ ပြီးရင် project folder ထဲကို Content.txt ဖိုင်လေးမှာ စာတွေ ရေးထားပါမယ်။ (အဲဒီမှာ text တွေကို save ထားဖို့ပါ။ text ဆိုတာမှာ မူရင်း text တွေရော၊ FCKeditor နဲ့ ပြင်လိုက်တဲ့ text တွေကိုရော အဲဒီမှာပဲ overwrite လုပ်ပါမယ်။ ) ဒုတိယဒေါင်းထားတဲ့ ASP.net အတွက် editor ကို "bin" folder တစ်ခုဆောက်ပြီး ထည့်ထားပေးပါမယ်။ အောက်မှာ ကုတ်တွေ ပေးထားပါတယ်။
Code for Default.aspx

<%@ Page Language="C#" AutoEventWireup="true" CodeFile="Default.aspx.cs" Inherits="_Default" %>
<!DOCTYPE html PUBLIC "-//W3C//DTD XHTML 1.0 Transitional//EN" "http://www.w3.org/TR/xhtml1/DTD/xhtml1-transitional.dtd">
< html xmlns="http://www.w3.org/1999/xhtml">
< head runat="server">
< title> Basic CMS</title>
< /head>
< body>
< form id="form1" runat="server">
< div>
< table width="500" border="0" cellpadding="4" cellspacing="0" style="text-align:center">
< tr>
< td>< h1> The World's Simplest CMS</h1>
< hr />
< asp:Label ID="lblcontent" runat="server" Width="500">< /asp:Label>
< hr />
</td></tr>
< tr>< td align="center">
< asp:Button ID="Button1" runat="server" Text="Edit Content"
onclick="Button1_Click" />
</td></tr></table>
</div>
</form>
</body>
</html>
Code for Default.aspx.cs
using System;
using System.IO;
using System.Configuration;
using System.Data;
using System.Linq;
using System.Web;
using System.Web.Security;
using System.Web.UI;
using System.Web.UI.HtmlControls;
using System.Web.UI.WebControls;
using System.Web.UI.WebControls.WebParts;
using System.Xml.Linq;

public partial class _Default : System.Web.UI.Page
{
protected void Page_Load(object sender, EventArgs e)
{
string Filetext=Server.MapPath("Content.txt");
StreamReader objstreamreader;
objstreamreader = File.OpenText(Filetext);
string Content = objstreamreader.ReadToEnd();
lblcontent.Text = Content.Replace("\n", "< br>");
objstreamreader.Close();
}
protected void Button1_Click(object sender, EventArgs e)
{
Response.Redirect("Edit.aspx");
}
}
Code for Edit.aspx

<%@ Page Language="C#" AutoEventWireup="true" CodeFile="Edit.aspx.cs" Inherits="Edit" %>
<%@ Register Assembly="FredCK.FCKeditorV2" Namespace="FredCK.FCKeditorV2" TagPrefix="FCKeditorV2" %>
<%@ Import Namespace="System.IO" %>
<!DOCTYPE html PUBLIC "-//W3C//DTD XHTML 1.0 Transitional//EN" "http://www.w3.org/TR/xhtml1/DTD/xhtml1-transitional.dtd">

< html xmlns="http://www.w3.org/1999/xhtml">
< head id="Head1" runat="server">
< title> Basic CMS</title>
</head>
< body>
< form id="form1" runat="server">
< div>
< FCKeditorV2:FCKeditor ID="FCKeditor1" runat="server" Height="400" Width="800"
BasePath="/CMS/fckeditor/"></FCKeditorV2:FCKeditor>
< br />
< asp:Button ID="Button1" runat="server" Text="Save Content" onclick="Button1_Click" />
< br />
< asp:HyperLink ID="HyperLink1" runat="server" NavigateUrl="Default.aspx"> Cancel and Return to Original Page </asp:HyperLink>
</div>
</form>
</body>
</html>
Code for Edit.aspx.cs

using System;
using System.IO;
using System.Collections;
using System.Configuration;
using System.Data;
using System.Linq;
using System.Web;
using System.Web.Security;
using System.Web.UI;
using System.Web.UI.HtmlControls;
using System.Web.UI.WebControls;
using System.Web.UI.WebControls.WebParts;
using System.Xml.Linq;

public partial class Edit : System.Web.UI.Page
{
protected void Page_Load(object sender, EventArgs e)
{
if (!Page.IsPostBack)
{
string Filetext = Server.MapPath(@"Content.txt");
StreamReader objStreamReader;
objStreamReader = File.OpenText(Filetext);
string Content = objStreamReader.ReadToEnd();
objStreamReader.Close();
FCKeditor1.Value = Content;
}
}
protected void Button1_Click(object sender, EventArgs e)
{
string Outfile = Server.MapPath(@"Content.txt");
StreamWriter objstreamwriter;
objstreamwriter = File.CreateText(Outfile);
objstreamwriter.Write(FCKeditor1.Value);
objstreamwriter.Close();
Server.Transfer("Default.aspx");
}
}
စာကို FCKeditor နဲ့ Edit လုပ်တာ Error တစ်ခုခုတက်လာရင် ဒီလင့်မှာ ဖော်ပြထားပါတယ်။

System.UnauthorizedAccessException: Access to the path 'c:\inetpub\wwwroot\CMS\Content.txt' is denied.

CMS ကို run တဲ့ အခါမှာ ဖြစ်တဲ့ error လေးပါ. မနည်းဖြေရှင်းလိုက်ရတယ်။ ဒီဟာနဲ့ ခေါင်းခြောက်တာ ၃ ၄ ရက်လောက် ရှိတယ်။ IIS အထဲက file ကို access လုပ်တာကို လက်မခံတဲ့ error ပါ။
ဖြေရှင်းနည်းကတော့ အဲဒီ access လုပ်မယ့် file ကို permission ပေးလိုက်ရင် ရပါပြီ။ အောက်မှာ အဆင့်ဆင့်လုပ်နည်းလေးပါ။နောက်တစ်နည်းကတော့ အောက်ကအတိုင်းပါပဲ။ ASP.net ရဲ့ configuration မှာ authorization ကို ပေါင်းပေးတာပါပဲ။ ဒါကတော့ သိပ်မသေချာပါဘူး။
OK ကို နှိပ်လိုက်တာနဲ့ အောက်ပါအတိုင်းပေါ်လာမှာ ဖြစ်ပါတယ်။

Hyperlink target (open in new tab or in present tab )

ကျွန်တော်တို့ Blog တွေရေးတဲ့ အခါမှာ ကိုယ်နှစ်သက်တဲ့ website လေးတွေ နောက်ပြီး ရည်ညွှန်း website လေးတွေကို ူlink လေးတွေနဲ့ ဖော်ပြလေ့ ရှိပါတယ်။ ဒီအခါမှာ ဖွင့်ချင်တဲ့ page ကို လက်ရှိဖွင့်ထားတဲ့ Tab မှာပြောင်းပြီး ဖွင့်တာနဲ့ နောက်ထပ် Tab အသစ်တစ်ခုမှာ ထပ်ဖွင့်တာကို HTML မှာ အောက်ပါအတိုင်းရေးလေ့ ရှိပါတယ်။
< p> Visit < a href="http://www.google.com"> Google</a> today!</p>

Visit Google today!


< p> Visit < a href="http://www.google.com" target="_blank"> Google</a> today!</p>

Visit Google today!

powered by Blogger