How do I view the cookies stored on my machine?

အခုလတ်တလောမှာ ကွတ်ကီးနဲ့ ဆိုင်တာတွေကို လေ့လာဖြစ်ပါတယ်။ ကွတ်ကီးတွေ client စက်မှာ created လုပ်ပြီး အဲဒီမှာ data တွေ save တယ်။ အဲဒီမှာ ကိုယ် data တွေ save လိုက်တဲ့ ကွတ်ကီးကို ဘယ်မှာသွားရှာမလဲ ။
IN Internet Explorer
အဲဒီ webpage ကို IE နဲ့ open ပါ။ ပြီးရင် အဲဒီကွတ်ကီးကို C:\Documents and Settings\[username]\Cookies ထဲမှာ ပြန်ကြည့်လို့ ရပါတယ်။ Vista ဆိုရင်တော့ C:\Users\[username]\AppData\Roaming\Microsoft\Windows\Cookies\ ထဲမှာ ပြန်ကြည့်လို့ ရပါတယ်။ Cookies ထဲက index.dat ဖိုင်လေးမှာတော့ ကွတ်ကီးတွေ ထားထားခဲ့တဲ့ website တွေရဲ့ URL တွေကို date time တွေနဲ့ တကွ နောက်ပြီး အဲဒီ website နဲ့ သက်ဆိုင်တဲ့ ကွတ်ကီးတွေကို သိမ်းထားတဲ့ link တွေ ရေးထားပါတယ်။ website တစ်ခုကနေ ကွတ်ကီး တစ်ခု ထားသွားတိုင်း IE က အဲဒီမှာ သွားသွား ရေးပေးပါတယ်။
IN Mozilla Firefox
Mozilla Firefox မှာတော့ C:\Documents and Settings\[username]\Application Data\Mozilla\Firefox\Profiles\rqx6gcsi.default ထဲမှာ save ပါတယ်။ကိုယ့် ကွန်ပြူတာမှာ ကွတ်ကီးတွေ ထားခဲ့သလား မထားဘူးလားသိချင်ရင် အောက်ပါအတိုင်းဝင်ကြည့်နိုင်ပါတယ်။

Image Website ဖြစ်တဲ့ imagevenue ,imageshack မှ ပုံများ download ချခြင်း

Forum အများစုမှာ ပုံလေးတွေကို ရှယ်တဲ့အခါမှာ အဲဒီ website တွေကိုအသုံးများပါတယ်။ အဲဒီမှာ link ပေးလို့သွားကြည့်ပြီး ဒေါင်းတဲ့အခါမှာ Imageshack လို ဆိုဒ်မျိုးမှာ တင်ထားတဲ့ ပုံတွေကို right click => Download with IDM ဆိုရင် ပုံက ဒေါင်းလုဒ် speed ကောင်းကောင်းနဲ့ ကျလာပါတယ်။ ဒါပေမယ့် Imagevenue လို ဆိုဒ်မှာတော့ အဲလိုမျိုး Download with IDM ဆိုပြီး ချရင် မကျလာပါဘူး။ အမြဲတမ်း right click => Save Image As ကိုပဲ ရွေးပြီးဒေါင်းနေရပါတယ်။ mozilla download နဲ့ချတာဆိုတော့ connection နဲနဲကျသွားတာနဲ့ ပုံက တဝက်တပျက်နဲ့ ရပ်ရပ်သွားတတ်ပါတယ်။
Download နည်း
ပုံကို right click=> View Image ကိုရွေးပါ။ ပြီးပေါ်လာတဲ့ ပုံကိုမှ right click=> Download with IDM နဲ့ ချလိုက်ရင် speed ကောင်းကောင်းနဲ့ ကျလာပါလိမ့်မယ်။

Fixing "The Event Log is Full" Error on Windows XP

ဒီနေ့ Project လေးတစ်ခုကို Run နေရင်းနဲ့ "The Event Log is Full" ဆိုတဲ့ error တက်လာပါတယ်။ အဲဒီ web program ကို Run လို့ မရတော့ပါဘူး။ ပထမတော့ ဘာဖြစ်တာလဲပေါ့။ နောက်တော့မှ နဲနဲ googling လုပ်ကြည့်တော့မှ Event log file က full ဖြစ်နေမှန်းသိတော့တယ်။ Window XP မှာ Event log file တွေဟာ (၇)ရက်ကြာတော့မှ event အဟောင်းတွေကို ဖျက်ဖျက်ပစ်တာ ဖြစ်ပါတယ်။ အခု (၇)ရက်မပြည့်ခင်မှာ ပြည့်သွားလို့ ဖြစ်ပါတယ်။ ဒီတော့ အဲဒီဖိုင်ဆိုဒ်ကို တိုးရင်တိုး၊ ဒါမှမဟုတ် အရင်အဟောင်းတွေကို ဖျက်ပစ်ရမှာ ဖြစ်ပါတယ်။
Increasing Event Log Size
Override event older than 7 days ကိုလည်း as needed ကို ပြောင်းလိုက်ပါ။ နောက်ပြီး Clear log ကနေပြီး log တွေကို တခါတည်း ဖျက်နိုင်ပါတယ်။ ဒါဆိုရင် ရသွားပါပြီ။
MORE INFO => http://www.howtogeek.com/howto/windows/fixing-the-event-log-is-full-error-on-windows-xp/

CSS Popup Image Viewer

CSS code ကိုအသုံးပြုပြီး thumbnail image လေးကို mouse hover လုပ်တဲ့ အခါမှာ အဲဒီ image ကို pop up အနေနဲ့ ပုံအကြီးကြီး ဖြစ်လာအောင် လုပ်တာဖြစ်ပါတယ်။ CSS ရဲ့ ":hover" class မှာ relative , absolute postioning လေးတွေနဲ့ ပေါင်းပြီး HTML နဲ့ ရေးထားတာ ဖြစ်ပါတယ်။ ပြောမယ်ဆိုရင်တော့ CSS ဟာ တဖြည်းဖြည်းနဲ့ scripting နဲ့တူတူလာပါတယ်။ ဒီ blog မှာ နမူနာပြချင်ပေမယ့် ပြလို့မရလို့ demo အောက်ကလင့်လေးမှာပဲ သွားကြည့်လိုက်ပါ။
နောက်မှ သေချာရေးပါဦးမယ် ~~
MORE INFO => http://www.dynamicdrive.com/style/csslibrary/item/css-popup-image-viewer/

How to Remove DRM from WMV files (Error "Use Windows Media Player")

အခုကြုံနေတာလေးပါ။ wmv file ကိုဒေါင်းလိုက်ပါတယ်။ ကြည့်မယ်လဲ လုပ်ရော ကြည့်လို့ မရဖြစ်နေတယ်။ ဘာ player နဲ့မှကို ဖွင့်လို့မရတာ။ အဲဒါနဲ့ သူ့ properties ကို ကြည့်လိုက်တော့ သူများတွေမှာ မပါတဲ့ နောက်ဆုံး Tab တစ်ခုကို သွားတွေ့တယ်၊ ပုံမှာ ပြထားပါတယ်။ License ဆိုတဲ့ tab လေးပါ။ ဒါနဲ့ googling လုပ်ကြည့်လိုက်တော့ အဲဒီ wmv movie file လေးဟာ လိုင်စင်ရှိတဲ့သူပဲ ဖွင့်လို့ရအောင် လုပ်ထားတဲ့ protected content ဖြစ်တာတွေ့ရပါတယ်။ ဒါကို DRM = Digital rights management လို့ ခေါ်ပါတယ်။ ဒါဟာတစ်ချို့ Downloaded Windows Media Files တွေမှာ ပါလာ တတ်ပါတယ်။
အဲဒီ DRM ကို အဲဒီ file ကနေ ဖြုတ်မှ ကြည့်လို့ ရမှာဖြစ်ပါတယ်။

DRM
Digital Rights Management (DRM), is the most usually found in music files and movies, is not meant for the just basic sole purpose of copy-protection of audio, video, and e-books, but it is meant for the full digital content protection, engulfing a comprehensive wider aspects from release to end user's ways to use the content.

WMV
Windows Media Video (WMV) was developed by Microsoft and these files are playable using Windows Media Player. There are numerous portable media players available which support WMV playback. You can use a .WMV file for either streaming or downloading.

It’s explicable that you would like to remove DRM from WMV files. Sadly, the Digital Millennium Copyright Act (DMCA) makes it a crime to get around DRM technology. Don’t get dishearten, there are ways…Yes, you can play a windows media video file without obtaining a license from the digital rights management server. There are several ways of achieving this task of removing of DRM from WMV.

DRM အကြောင်းလေးပါ။ အဲဒါကို ဖယ်ရှားဖို့ Tunebite ကို သုံးပါမယ်။ Tunebite မူရင်း site မှာအောက်ပါအတိုင်း ဖော်ပြထားပါတယ်။

demo ကို ဒီမှာဒေါင်းနိုင်ပါတယ်။
ဘာပဲပြောပြော သတိထားစရာလေးကို ဆက်ပြောသွားပါမယ်။ ကျွန်တော်လည်း အဲဒီ DRM protect လုပ်ထားတဲ့ ဖိုင်တွေနဲ့ ခဏ ခဏကြံုပါတယ်။ အခု အဲလို ဖိုင်တွေကို မကိုင်တွယ်တော့ပါဘူး ။ delete ပဲလုပ်လိုက်ပါတယ်။ အဲဒီဖိုင်တွေဟာ အမှန်တကယ် DRM protected လုပ်ထားတဲ့ ဖိုင်တွေလဲ ဖြစ်နိုင်ပါတယ် ဒါပေမယ့် သူတို့ကို ဖြည်ဖို့က သိပ်မလွယ်ပါဘူး။ လိုင်စင်ရှိမှ ရမယ့်ဟာပါ။ တစ်ခါတရံမှာ အဲဒါဟာ FAKE file ဖြစ်တတ်ပါတယ်။ Fake file ဆိုတာ user ကို သက်သက်အချိန်ကုန် အောင်လုပ်တဲ့ ရည်ရွယ်ချက်နဲ့ ဖန်တီးထားတဲ့ file ပါ။ ဒီတော့ အရင်ဆုံး ဒေါင်းလုတ်မချခင် အောက်က comment တွေကို အရင်ဖတ်ဖို့ ညွှန်းချင်ပါတယ်။ နောက်ဖြစ်နိုင်တာတစ်ခုက virus ကို အစပြုပေးနိုင်တာပါပဲ ။ အခု စက်မှာတင်ထားတဲ့ Avira antivirus ကတော ့virus ဆိုပြီးတော့ အဲဒါကို ဖျက်ပစ်ပါတယ် ။ ဘယ်လိုလဲဆိုတော့ သူက နေ code တွေ ဒေါင်းဖို့ပဲ ဖြစ်ဖြစ် တခုခုနဲ့ website တစ်ခုခုကို Redirect လုပ်ပါလိမ့်မယ် ။အဲဒီ webiste ကနေ မလိုအပ်တဲ့ ဖိုင်တွေဖြစ်ဖြစ် virus တွေဖြစ်ဖြစ် မိမိစက်ထဲကို ၀င်ရောက်လာနိုင်ပါတယ်

powered by Blogger