အရမ်းကြိုက်တဲ့ Microsoft Office မှာ ပါလာတဲ့ Application တစ်ခုပါပဲ. သူ့ကောင်းကျိုးတွေကို ပြောရမယ်ဆိုရင်..
၁။ NOTE ဆိုတဲ့ အတိုင်း သူနဲ့ အလွယ်တကူ Webpage တွေက စာတွေ Link တွေ ပုံတွေ video တွေ အားလုံးကို အဲဒီ page ပေါ်မှာ သိမ်းထားလို့ ရပါတယ်။ နောက်ပြီး Record audio ပါလုပ်လို့ ရပါတယ်။
၂။ နောက်ပြီး သူ့ အပေါ်မှာ ပုံတွေ ဆွဲလို့ ရတယ့် Paint function ပါပါတယ်။ Office function တွေ အားလုံး လုပ်နိုင်ပါတယ်။ Page Maker အတိုင်း Object တွေကို select and move စိတ်ကြိုက်လုပ်နိုင်ပါတယ်။
၃။ သူ့က မှတ်ထားတာတွေ အားလုံးကို စာရွက်လေးတွေ မှာ အစီအစဉ်တကျသိမ်းပေးပါတယ်။ စာရွက်လေး တွေကို စုပြီး စာအုပ် အနေနဲ့ ချုပ်ထားနိုင်ပါသေးတယ်။ Print ထုတ်တဲ့ အခါမှာလဲ Page မှာမြင်ရတဲ့ အတိုင်း တသွေမတိမ်း ထုတ်ပေးမှာပါ။
၄။ သူ့ Page အပေါ်မှာ copy paste လုပ်ပြီဆိုရင် သူက အဲဒီ copy ကူးထားတဲ့ မူရင်း link ကို ပါ တွဲပြီး မှတ်ထားပေးပါတယ်။ Website address တွေဆိုရင် နောက် ပြန်ရှာစရာ မလိုတော့ဘူးပေါ့။
၅။ F11 ကို နှိပ်ခြင်းဖြင့် Full page View နဲ့ Note style View ကို toggle လုပ်နိုင်ပါတယ်။
၆။ အကောင်းဆုံးတစ်ခုကတော့ Save စရာ မလိုတာပါပဲ။ Auto save ပါ။ ရေးပြီးတာနဲ့ save ဖြစ်သွားပါပြီ။
၇။ စာရွက်တိုင်းမှာ Password protect ထည့်ပေးနိုင်ပါတယ်။
၈။ build-in calculator ပါပါတယ်။ 3*3= လို့ type ပြီး space bar ပုတ်ကြည့်ပါ။
ဒီဟာတွေကတော့ ကျွန်တော်သိသလောက်ပါ။ နောက်တွင် ဆက်လက်ပြီး OneNote မှာပါ၀င်တဲ့ Tutorial ကို ဘာသာပြန်ပြီး ရေးသွားပါဦးမယ်။
Microsoft Office OneNote 2010 - tutorial
Monday, October 25, 2010
min that thant
Subscribe to:
Post Comments (Atom)
Posted in 
No Response to "Microsoft Office OneNote 2010 - tutorial"
Post a Comment