Unsafe code may only appear if compiling with /unsafe

http://www.csharpfriends.com/Articles/getArticle.aspx?articleID=351

4 Ways To Repair WinRAR Error Files

နေ့တိုင်းလိုလို ကွန်မန့်တွေမှာ တွေ့တွေ့နေရတာလေး ( .rar ဖိုင်ကိုဖြည်လို့မရဘူး ။ error တက်နေတယ် ။) တစ်ခါတလေ error တက်နေပေမယ့်လည်း ဖြည်လို့ရတာလေးတွေ ရှိတယ်။ တစ်ခါတလေ လုံးဝကို ဖြည်လို့မရ ဖြစ်တတ်ပါတယ်။ Win RAR error (mostly CRC Error) က အရမ်းကြီးတဲ့ ဖိုင်တွေ၊ အရမ်းများတဲ့ ဖိုင်တွေကို ဖြည်တဲ့ နေရာမှာ ဖြစ်တတ်ပါတယ်။ error ( file is corrupt ) ကတော့ တစ်ခါတလေ လုံးဝ ကို ဖြည်လို့မရအောင် ဖြစ်တတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် win RAR alert box မှာတော့ error အမျိုးအစားနဲ့ error တက်နေတဲ့ ဖိုင်ကို ဖော်ပြပါတယ်။ အဲဒါကိုကြည့်ပီး ဖြေရှင်းရမှာပါ။ ဖြေရှင်းဖို့နည်းလမ်းတွေကတော့ အများကြီးရှိပါတယ် ။ software တွေရော ။ ဒီမှာတော့ ကျွန်တော် သိသလောက်လေး ၄ ခုလောက်ပြောပါမယ်။
Use WinRAR Repair:
ပထမတစ်နည်းက အဲဒီ ဖိုင်ကို ဖြည်တဲ့နေရာမှာ right click => extract file ကိုရွေးပြီး ပေါ်လာတဲ့ dialogbox မှာ Keep broken files ကို အမှန်ခြစ်ပေးပါ။ အဲလိုလုပ်ပီး ဖြည်လိုက်ရင် ရပီ။ ဒီမှာပဲ နောက်တစ်မျိုး က အဲဒီ corrupt ဖြစ်နေတဲ့ ဖိုင် ကို အရင် repair လုပ်ပြီး save ထားလဲရပါတယ်။ ဒါက rar file ကို double click => Tools => Repair archive ကို ရွေးပီး အရင် save လုပ်ရပါမယ်။ ပြီးရင် အဲဒါကို name ပြောင်းပီး save လုပ်လိုက်ရင် ရပါပြီ။ Use RAR Repair Tool
ဒီနည်းကတော့ rar file တွေကို repair လုပ်ပေးတယ့် software လေးပါ။ corrupt file အားလုံးနည်းပါးကို repaired လုပ်ပေးနိုင်ပါတယ်။
Use RAR Recovery Toolbox
ဒီ software ကလည်း rar file တွေ အားလုံးကို repair လုပ်ပေးနိုင်ပါတယ်။
နောက်ဆုံးနည်းကတော့ အဲဒီ corrupt ဖြစ်နေတဲ့ file ကို ပြန်ပြီး download လုပ်ပါ။ အများအားဖြင့် corrupt file error တက်တယ်ဆိုတာက download ချတဲ့ နေရာမှာ ဖြစ်တာများတယ်။ ဒါကြောင့်မို့လို့ ပြန် download လုပ်တာက အကောင်းဆုံးပါ။

powered by Blogger