Client Side Validation with JavaScript in ASP.NET

The Blogger “Read More” Expandable Posts Link

ဒီဟာလည်း Read more button လုပ်တာပါပဲ။ လွယ်လဲလွယ်လို့ နောက်ပီးတော့ သူ့မှာ တခြားဖြည့်စရာ javascript တွေလည်း မလိုဘူးလေ. Edit html မှာ copy ကူးထည့်လိုက်ရုံပဲ။ ဒီ Read more ကတော့ သူ့ကို နှိပ်လိုက်တာနဲ့ အဲဒီ ပိုစ့် ကိုတစ်ခုတည်း သပ်သပ်ဖော်ပြမှာ ဖြစ်ပါတယ်။ ပိုစ်အောက်ခြေမှာလည်း comment box ကို တွေ့ရမှာ ဖြစ်ပါတယ်။ အရင်က ရေးခဲ့ဖူးတဲ့ Read more လိုပါပဲ ။ ဒါပေမယ့် blogger new editor နဲ့ လုပ်တာ မဟုတ်ပါဘူး ။

Step #1 - Update Your Template Code
အရင်ဆုံး widge ကို expend အရင်လုပ်ပါ။ ပြီးရင် post-header-line-1 ဆိုတဲ့ကုတ်ကို ရှာပါ။ ပြီးရင် အောက်က ကုတ်တွေကို < class="’post-header-line-1′/"> တို့ < class="’post-header-line’"> တို့ နောက်ကနေ ထည့်ပါ။

< b:if cond='data:blog.pageType == "item"'>
< style> .fullpost{display:inline;}</style>
< p> < data:post.body/></p>
< b:else/>
< style > .fullpost{display:none;} < /style>




ပြီးရင် Read more ကို နှိပ်လိုက်ရင် ပေါ်အောင် ကုတ်ထည့်ပါမယ်။ အောက်ကကုတ်ပါ။

< b:if cond='data:blog.pageType != "item"'> < br />
< a expr:href='data:post.url'> Read more...< /a>
< /b:if>
< /b:if>



ဒီမှာ if နှစ်ခုဖြစ်နေလို့ မှားမယ် ထင်နေဦးမယ်။ မမှားပါဘူး။ ကုတ်တွေ အားလုံးထည့်ပီးရင် final ပုံက ဒီမှာပါ။ အဝါနဲ့ ပြထားတာက အဲဒါ ဖြည့်လိုက်တဲ့ကုတ်တွေပါ။

Step #2 - Add a Class Tag in Your Default Post Template
ပြီးရင် post template ကို ပြင်ပါမယ်။ settings က formatting ကို သွားပီးတော့ အောက်ဆုံးအကွက်မှာ

< class="fullpost">
< /span>

အတိုင်းဖြည့်လိုက်ပါ ။ save setting လုပ်ပါ။ ဒါဆိုရင် New post လုပ်မယ် ကြံတိုင်း အဲဒီ span ကို တွေ့ရမှာ ဖြစ်ပါတယ်။

Step #3 - Create a New Post
ပိုစ် အသစ်ကိုတင်နိုင်ပါပီ။ အဲဒါ တင်တဲ့ အခါမှာ span tab နှစ်ခုကြားထဲမှာ ထည့်ရမယ့် အကြောင်းတွေက တော့ Read more ကို နှိပ်လိုက်ရင် ပေါ်စေချင်တဲ့ အရာတွေ ဖြစ်ပါတယ်။ အောက်က ပုံမှာကြည့်ပါ။

MORE info -> http://bloggingforbread.blogspot.com/2008/02/add-blogger-read-more-expandable-posts.html

MSSQL server - prevent saving changes TABLE


အရင်က SQL ဆာဗာနဲ့ table တွေ ဆောက်ပါတယ်။ ပြီးရင် data တွေ ဖြည့်ပါတယ်။ အဲဒီလို ဖြည့်ရင်းနဲ့ တခါတလေ ပြင်စရာလေးတွေ ရှိလာရင် (ဥပမာ - Data Type ဖြစ်ဖြစ် Column Name ဖြစ်ဖြစ် ) Open Table definition ကို ဖွင့်ပြီးတော့ ပြင်လေ့ ရှိပါတယ်။ တခါတလေ ပြင်ပြီး save တဲ့ အခါ လျောလျော လျူလျူ ဖြစ်သွားပေမယ့် တခါတလေမှာတော့ ဒီလိုကြီး ပြင်ခွင့်မပြုနိုင်ဘူးဆိုပြီးတော့ error တက်ပါတယ် . အရင်က အဲလိုမျိုး error တက်ရင် တခါပြန်ပြီးတော့ table ကို အသစ်ပြန်ဆောက်လိုက်ပါတယ် အလုပ်ရှုပ်မခံချင်လို့ ။ နောက်ပီး data တွေကလည်း server ထဲမှာ နဲနဲလေးကိုး ။ နောက်ပိုင်းများလာရင်တော့ ပြန်ဆောက်ဖို့ ဆိုတာမလွယ်ပါဘူး ။ အခု အဲဒီ error ကို ဖတ်ကြည့်ရင်းနဲ့ နည်းလေးကို တွေ့လို့ပါ။ error ကို ပြင်ဖို့ အောက်ပါအတိုင်း ၀င်ပါ။
Tools - Options - Table and Diagram Options ထဲကို ၀င်ပြီးတော့ Prevent savingchanges that require table re-creation ကို uncheck လုပ်ပေးလိုက်ပါ. အဲဒါဆိုရင် Table စိတ်ကြိုက်ပြင် စိတ်ကြိုက် save လို့ ရပါပီ။



Lan Mac Address ကို ပြောင်းနည်း


တကမ္ဘာလုံးမှာ unique တစ်ခုပဲ ရှိတဲ့ ဒီ MAC Address ကို ချိန်းလို့ ရမယ်လို့ အရင်တုန်းက မသိပါဘူး ။ အခုတော့သိသွားပီ . သူငယ်ချင်းတစ်ယောက်ပြောပြလို့ပါ ။
Network Connection ထဲက Local Area Connection ကို နှိပ်လိုက်ပါ..right click - Properties - Configure - Advanced - Network Address မှာ Not Present ကို ပြင်ပြီး အပေါ်မှာ ကိုယ်ထည့်ချင်တဲ့ MAC address ထည့်လိုက်ရင် ရပါပီ။ မူရင်း Address ကို ပြန်ချိန်းဖို့ကတော့ Not Present ကို check လုပ်ရင် ရပါပီ။

powered by Blogger