Sample Output

ဒီမှာ ဥပမာတစ်ခု နဲ့ ရှင်းပြသွားပါမယ်
ကဲ..ဘာမှ shuffle မလုပ်ထားတဲ့ ဖဲထုပ်လေးဆိုပါတော့ ..A-clubs to K-clubs, A-diamonds to K-diamonds,A-hearts to K-hearts,A-spades to K-spades,A joker and B joker.. စသည်ဖြင့် အစဉ်လိုက်ရှိတယ်ဆိုပါစို့။
အဲဒီကနေ keystream လေးကို ထုတ်ပြပါမယ်..
1 2 3 4 5 6 …. 51 52 A B ဆိုပြီးရှိပါမယ်
ပထမအဆင့် လုပ်ပြီးတဲ့အခါမှာ … (A joker ကိုရွှေ့တာ)
1 2 3 4 5 …… 51 52 B A ဆိုပြီးရပါမယ်
ဒုတိယအဆင့် ပြီးတဲ့အခါမှာ .. (B joker ကိုရွှေ့တာ)
1 B 2 3 4 5 … 51 52 A ဖြစ်ပါမယ်
တတိယအဆင့် (triple cut)
B 2 3 4 5 …. 51 52 A 1 ဖြစ်ပါမယ်။ ဒီမှာ နောက်ဆုံးကတ်က 1 ဖြစ်ပါတယ် .. ဒါကြောင့် ၁ ကတ်ပဲ ဖြတ်ရပါမယ်.. (B ဆိုတဲ့ အပေါ်ဆုံးက ၁ ကတ်ကိုယူပြီး နောက်ဆုံးကတ်(1)ရဲ့ အပေါ်မှာ ထားလိုက်ပါတယ်)
စတုတ္ထအဆင့် (count cut)
2 3 4 5 …. 51 52 A B 1 ရသွားပါမယ်။
နောက်ဆုံးအဆင့်မှာ အပေါ်ဆုံးကတ်ကိုကြည့်ပါတယ်။ (2) ဖြစ်တဲ့ အတွက် အပေါ်ဆုံးကနေ ၂ ကတ်ရေပါတယ် အဲဒီမှာ ပထမဆုံး solitaire keystream output (4) ကိုရပါတယ်..ဒီနေရာကနေ ဘာမှ မပြောင်းလဲဘဲနဲ့ ဆက်ပြီး ဒုတိယ solitaire keystream output များကို ဆက်ထုတ်သွားရပါမယ်။
ပထမအဆင့် 2 3 4 ... 49 50 51 52 B A 1
ဒုတိယအဆင့် 2 3 4 ... 49 50 51 52 A 1 B
တတိယအဆင့် A 1 B 2 3 4 ... 49 50 51 52
စတုတ္ထအဆင့် 51 A 1 B 2 3 4 ... 49 50 52
နောက်ဆုံးကတ်က (52) ဖြစ်တဲ့အတွက် ၅၂ ကတ် ကိုအပေါ်ဆုံးကနေ(50)အထိ ရေပါတယ်..၅၂ ကတ်ပဲဖြတ်ပါတယ်..(52)ရဲ့ ရှေ့ မှာ ပြန်ထည့်ပါတယ်။
နောက်ဆုံးအဆင့်မှာ output ထုတ်ပါမယ် ။ အပေါ်ဆုံးကတ်က (51) ဖြစ်တဲ့အတွက်အပေါ်ဆုံးကနေ ၅၁ ကတ်ရေပါတယ်(49)ကျပါတယ်။ Second keystream output =49 ဖြစ်သွားပါတယ်
ဒီလိုနဲ့ ထုတ်ထုတ် သွားရပါတယ် .. ပထမဆုံး keystream output ၁၀ လုံးကတော့
4 49 10 (53) 24 8 51 44 6 4 33
အဲဒီမှာ (53) ကို ပယ်ပါတယ်။
Plain text က AAAAA AAAAA ဆိုပါတော့ ..ဒါဆိုရင် ကျွန်တော်တို့ ရဲ့ ciphertext က EXKYI ZSGEH ရပါလိမ့်မယ်
=====================================================
Solitaire cipher text ကို အဆုံးသတ်လိုက်ပါတယ်....
MORE INFO >>http://www.schneier.com/solitaire.html

စဉ်းစားမိတာလေးတွေ

လူ့စိတ်က နည်း ရင် ကောင်း တယ် များ ရင် စိတ်မဝင်စားတော့ဘူး။
လူ့စိတ်က ဗိုက်ဆာရင် တန်တာ မတန်တာတွေ၊ ကောင်းတာ မကောင်းတာတွေ ကို မသိတော့ဘူး ။ လက်ရှိ ရှိတဲ့ ဟာ အကောင်းဆုံးပဲ။
မျိုသိပ်ထားရတာ များလာရင် တခါတရံ ပြန်ကန်် တတ်တယ်။
လက်ထဲမှာ ပိုက်ဆံမရှိတဲ့ အခါ လူဟာ အလိုလို အားငယ်တတ်တယ်။ ၁ ကျပ်ဆိုလဲ ၁ ကျပ်အား ရှိပါတယ်။ ပိုက်ဆံဟာ ခွန်အားပဲ။
ပိုက်ဆံဟာ လက်ထဲမှာ အများကြီးထားရင် အလိုလို ကုန်သွားတတ်တယ် ။

powered by Blogger