Cookie are one of several ways to store data about web site visitors during the time when web server and browser are not connected. Common use of cookies is to remember users between visits. Practically, cookie is a small text file sent by web server and saved by web browser on client machine.
ကွန်ပြူတာကွတ်ကီး ဆိုတာ ကတော့ computer ထဲမှာ သိမ်းထားတဲ့ text file လေးတစ်ခုပါပဲ။ သူ့အထဲမှာ internet website တစ်ခုကို ကြည့်ရှုလိုက်တဲ့သူရဲ့ အချက်အလက်တွေကို သိမ်းထားပါတယ်။ အဲဒီ file ကို website server ကနေပြီး ပြုလုပ်တာဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ သူ့ website ကို ကြည့်လိုက်တဲ့ user တစ်ယောက်ချင်းဆီရဲ့ data ကို အဲဒီ user တွေဆီမှာပဲ သိမ်းထားတဲ့ သဘောပါပဲ။ shopping carts တို့မှာဆိုရင် သုံးလေ့ရှိပါတယ် ။ user ရွေးချယ်ထားတဲ့ပစ္စည်း အမျိုးအစားကို အဲဒီ cookie တွေမှာရေးမှတ်ထားပြီး user က buy ခလုတ်ကို နှိပ်လိုက်တော့မှ အဲဒီ data ကို server ဆီကို ပို့ပေးပါတယ်။ နောက်ပြီးတခါတလေ website ရဲ့ color and font preference ကို ရေးမှတ်ထားလေ့ရှိပါတယ် ။နောက် တစ်ချို့ forum တွေရဲ့ ကြည့်ပြီးသား post တွေကို မှတ်တဲ့ နေရာမှာလည်းသုံးလေ့ရှိပါတယ်။ cookie file တွေကို create လုပ်ထားတဲ့ domain website ကသာ ဖတ်နိုင်ပါတယ်။ အောက်က ဥပမာလေးကတော့ php programming နဲ့ ရေးထားတာပါ။ user တစ်ယောက်ဟာ သူ့ website ကို 24 နာရီအတွင်းမှာ ဘယ်နခါ၀င် ကြည့်ခဲ့သလဲ ဆိုတာ ကို track ပါတယ်။
setcookie('accesses', ++$page_accesses, time()+86400);
?>
website visitor တစ်ယောက် က ဒီ cookies ရှိတဲ့ page ကို ကြည့်လိုက်တိုင်းမှာ website ဟာ ဒီ visitor ရဲ့ computer ထဲမှာ သူ့ရဲ့ အရင်က cookie လေးရှိသလားကို အရင်ကြည့်ပါမယ်။ မရှိခဲ့ ရင် website ဟာသူ့ရဲ့ address ရယ်၊ cookie expire date ပါ၀င်တဲ့ short text file လေးတစ်ခုကို create လုပ်ပါမယ်။ cookie အဟောင်း ရှိခဲ့ တယ်ဆိုရင်တော့ delete လုပ်ပြီး new cookie ကို new expire date နဲ့ create လုပ်ပါမယ်။ အခု cookie လေးကတော့ website ကို ၀င်ကြည့်ပြီးနောက် 24 hours , 86400 seconds ခံပါတယ်။ ပြီးရင်တော့ delete လုပ်ခံရမှာဖြစ်ပါတယ်။
Temporary and Persistent Cookies
အပေါ်က ကွတ်ကီးလေးကတော့ persistent cookie ပါ။ သူဟာ expire date ကုန်တဲ့အထိ ဒါမှမဟုတ် visitor က ဖျက်ပစ်လိုက်တဲ့အချိန်အထိ ခံပါတယ်။ Session cookies or Temporary cookies ကတော့ browser ကို ပိတ်လိုက်တာနဲ့ ပျောက်သွားမှာဖြစ်ပါတယ်။ Session cookies ကို သုံးရတာကတော့ visitor ရဲ့ လှုပ်ရှားမှုကို နောက်ယောင်ခံဖို့ နဲ့ user information ကို မှတ်ထားဖို့ အတွက်ဖြစ်ပါတယ်။
ကွတ်ကီးများ စုပုံလာခြင်းအားဖြင့် ကွန်ပြူတာစွမ်းဆောင်ရည် ကျဆင်းလာစေပြီး security ကို လည်း စိုးရိမ်ရပါတယ်။
Tuesday, September 29, 2009
min that thant
Posted in 
No Response to "What is Cookie ???"
Post a Comment