Hiren- BootCD 10.0

ဒီနေ့တော့ မနေ့ကလုပ်ထားတာနဲ့ ဆက်လုပ်ဖြစ်ပါတယ် .. boot CD တစ်ခုကိုဆောင်ထားသင့်တယ်ထင်ပါတယ် .. ဟိုတစ်နေ့က မြန်မာ ဆိုင်ဘာဂျာနယ်မှာ ဖတ်မိပြီးတော့ စိတ်ဝင်စားသွားပါတယ် boot CD တွေရဲ့ အခန်းကိုပါ .. ဟုတ်တယ်ဗျ .. ကိုယ့် ကွန်ပြူတာရဲ့ မူရင်း ၀င်းဒိုးကြီး ဗိုင်းရပ်ဖြစ်ဖြစ် တစ်ခုခုကြောင့် မတက်လာတော့လျှင်ဖြင့် စိတ်ညစ်ရပါတယ် ..၀င်းဒိုးပြန်တင်လိုက်လေ ဆိုပေမယ့် My document နဲ့ Desktop ပေါ်က ဖိုင်တွေကတော့ဖြင့် စွန့်လွတ်ရမှာဖြစ်ပါတယ် .ဒီ CD လေးကတော့ဖြင့် boot တက်လာအောင်ကူညီပေးပါတယ် .. အဲဒီထဲမှာလည်း tools တွေ အစုံအလင်ထည့်ပေးထားပါတယ် .. ရိုးရိုးလေးတော့ စမ်းသပ်ပြီးပါပြီ .. ဟီး အခုလောလောဆယ်က ၀င်းဒိုးက အကောင်းကြီးဆိုတော့ မလိုသေးဘူးပေါ့ ..စမ်းသပ်ရတာလည်း မကောင်းဘူးပေါ့ ..မပြောကောင်းမဆိုကောင်း ၀င်းဒိုးတစ်ခုခုဖြစ်တော့မှ Hiren boot CD ရဲ့ အခန်းကို သိတော့မှာပဲ .. အခုတော့ CD ခုတ်ပြီးပါပြီ ..

No Response to "Hiren- BootCD 10.0"

Post a Comment

powered by Blogger