USB flash drive ကို Autorun မတက်အောင် လုပ်ခြင်း


USB flash drive ဟာ အမြဲတမ်း တပ်လိုက်တိုင်း Autorun တက်လာပါတယ်.. အကယ်၍ Virus ပါလာခဲ့ရင် တခါတည်းကို Run စေပါတယ် ..
၁။ Flash drive တပ်လိုက်ပါ. ပြီးရင် Drive ပေါ်မှာ right click -> Properties -> AutoPlay tab -> Choose "Select an action to perform "
၂။ Flash drive ကိုပြန်ဖြုတ်လိုက်ပါ . ပြီးရင်ပြန်တပ်ပြီးတော့ AutoRun box ပေါ်လာရင် Take no action ကိုရွေးပြီးတော့ Use default ထားလိုက်ပါ .. ရပါပြီ
၃။ နောက်တစ်ခါပြန်တပ်တယ့်အခါကျရင် Auto Run မတက်တော့ပါဘူး ...

နောက်တစ်ခုက ကိုယ်ဟာကို AutoRun file လေးလုပ်ထားတာပါပဲ .. Virus ပါလာရင်သိအောင်ပါ .. သိပ်မထူးပါဘူး ...Icon picture လေးတစ်ခုကို Run အောင် AutoRun file လေးရေးပြီးထားထားတာပါပဲ ...
၁။ 16*16 icon တစ်ခုလုပ်ပါ .. drive ထဲကိုထည့်ပါ ..
၂။ [autorun]
icon=Picture5.bmp
၃။ Autorun.inf ဆိုပြီး save ရင်ရပါပြီ .. နောက်တစ်ခါ drive တပ်ရင် အဲဒီပုံလေးပေါ်နေပါမယ် ... အဲ မပေါ်လာရင်တော့ virus ၀င်ပြီပေါ့ ..
ps:: Picture5.bmp ဆိုတာ အဲဒီပုံအမည်ပါပဲ...

No Response to "USB flash drive ကို Autorun မတက်အောင် လုပ်ခြင်း"

Post a Comment

powered by Blogger