Operation System is an interface between hardware and application; it is responsible for the management and coordination of activities and the sharing of the limited resources of computer. OS ဟာ သူ့အပေါ်ကိုလာ run တယ့် application များအတွက် အိမ်ရှင် (host) အနေနဲ့ အလုပ်လုပ်ပါတယ်။ application များအတွက် computer hardware များကို ကိုင်တွယ်ထိန်းချုပ်ပေးပါတယ်. OS ဟာ application program တွေနဲ့ user တွေအတွက် services တွေကို ပြုလုပ်ပြီး run ပေးပါတယ်။ Application တွေက အဲဒီ services တွေကို API (Application Programming Interface) ကနေတဆင့် access လုပ်ပါတယ်။ အဲဒီ API အကူအညီနဲ့ application တွေဟာ OS ဆီကနေ services တွေကို request လုပ်ပါတယ်။ parameter တွေကို pass လုပ်ပါတယ်။ result of operation ကိုရယူပါတယ်။ Users ကလဲ OS ကို အောက်ပါတို့က တဆင့် control လုပ်နိုင်ပါတယ်။
1. CLI (Command Line Interface) and 2. GUI (Graphical User Interface)
ရိုးရိုး desktop computer နဲ့ PC လေးတွေမှာ User Interface ဟာ OS ရဲ့ အစိတ်အပိုင်းလို့ ပြောလို့ ရပါတယ် ။ ဘာလို့လဲ ဆိုတော့ user ဟာ OS ကိုတိုက်ရိုက် ထိန်းချုပ်နိုင်လို့ပါ ။ ဒါပေမယ့် Large-multi-user systems ( such as Unix systems) တွေမှာတော့ user ဟာ OS ရဲ့ အပြင်ကနေ run ထားတယ့် application program ကနေတဆင့် ကိုင်တွယ် ရပါတယ် . အဲဒီ OS တွေမှာတော့ user ဟာသေးငယ်တယ့် အစိတ်အပိုင်းသာ ပါ၀င်လာပါတော့တယ်.
Operation System များ
- Microsoft Windows
- Mac OS
- Linux
- BSD Unix (Berkeley Software Design)
- Solaris
Friday, February 13, 2009
min that thant
Posted in 
No Response to "Operation System များအကြောင်း(၁)"
Post a Comment