How To Setup Subdomain In Plesk Panel

Setting up Subdomain Website In Parallel Plesk Panel
ဒါကတော့ Plesk Panel မှာ စတင်ပြီး Domain အကောင့် ဖောက်တာ ဖြစ်ပါတယ် .. အများအားဖြင့်တော့ VPS တွေက Subdomain က unlimited ရပါတယ် .. (တနည်းပြောရင် ဒီဟာက ကျွန်တော်တို့ VPS မှာ ဆိုဒ်တစ်ခု နေရာချဖို့ အတွက် ပြင်ဆင်တာပဲ ဖြစ်ပါတယ်) .

Subdomain ရွေးပြီးပြီဆိုရင် သူ့အတွက် file တွေ တင်ဖို့ကို FTP account ပါ ဖောက်ပေးရပါမယ် .. ဒီမှာ မူရင်း ဒိုမိန်းနဲ့ အတူတူထားမလား ကို မထားတော့ပါဘူးလို့ ရွေးပေးပါမယ် .. သပ်သပ်စီဖြစ်သွားအောင်ပါ ..
ပြီးရင် Plesk Panel ထဲက DNS setting မှာ နောက် Subdomain တစ်ခုတိုးလာတာ တွေ့ရပါမယ် ..


Uploading Website content with FTP client
ဒီအပိုင်းကတော့ ကိုယ်လုပ်ချင်တဲ့ script (php) ကို Upload တင်ပေးတဲ့ အပိုင်းဖြစ်ပါတယ် .. free php script များစွာ ရှိပါတယ် .. အဲ အမျိုးအစားပေါ်မူတည်ပြီးတော့ များစွာရှိပါတယ် .. ဖရီးဒေါင်းလုတ်ချလို့ ရပါတယ် .. Script တွေ အကြောင်းကတော့ သူ့ ဆိုဒ်တွေမှာ ဖတ်ကြည့်လို့ ရပါတယ်..
Blogs တွေ အနေနဲ့ကတော့ WordPress 3.1 ,b2evolution 4.0.4,Textpattern 4.3.0, NucleusCMS 3.63, Geeklog 1.7.2
Content Management တွေ အနေနဲ့ကတော့ MODx 2.0.7,Joomla 1.6.1 , Drupal 7.0 ,e107 0.7.24, Mambo 4.6.5, XOOPS 2.5.0, PHP-Nuke 8.0, phpwcms 1.4.7
eCommerce တွေ အနေနဲ့ကတော့ Stamps.com , ShopSite 10.sp2.r2 , Marketecture 4.3.0 ,
Magento 1.5.0.1, Zen Cart 1.3.9h , OSCommerce 2.3.1, CubeCart 3.0.20, AgoraCart 5.2.005, TomatoCart 1.1.3
Forum တွေ အနေနဲ့ phpBB 3.0.8, Simple Machines Forum 1.1.13, bbPress 1.0.2, PunBB 1.3.4, Vanilla Forums 2.0.17.8 .
Social Networking အနေနဲ့ BuddyPress 1.2.8 , Pligg 1.1.3
Wiki အနေနဲ့ MediaWiki 1.16.2, WikkaWiki 1.2.sp.1, PmWiki 2.2.24, DokuWiki 2010-11-07
Photo Galleries ဆိုဒ် တည်ဆောက်လိုသူ တွေ အတွက် . Zenphoto 1.4.0.1, Gallery 3.0.1 ,Coppermine 1.5.12, Pixelpost 1.7.3, Piwigo 2.1.6, 4images 1.7.9 စသည် ဖြင့်များစွာ ရှိပါတယ် ..


အဲဒီမှာ httpdoc ထဲကို သုံးချင်တဲ့ script ကို တင်ပေးပြီး စတင် Run နိုင်ပါပြီ။
Adding Subdomain Name in DNS record
ဒီအပိုင်းကတော့ ကျွန်တော်တို့ Hosting ထဲက DNS server ကြီးမှာ Subdomain name ကို အပ်ဖို့ ဖြစ်ပါတယ် .. ဒါက ကျွန်တော်တို့ ၀ယ်ထားတဲ့ VPS နဲ့ မဆိုင်ပါဘူး .. သပ်သပ်ဝယ်ထားတဲ့ Domain name နဲ့ပဲ ဆိုင်ပါတယ် .. ကျွန်တော်တို့ ၀ယ်ထားတဲ့ Domain name ထဲက Domain Administration ထဲကို ၀င်ပြီး ခုနက အသစ် Subdomain နဲ့ ၄င်း ကို တင်ပေးထားတဲ့ address (this mean that ipaddress from Plesk panel) ကို A type Record မှာ ဖြည့်ပေးရပါမယ် .. ဒါဆိုရင် နောက် နာရီ အနည်းငယ် (DNS update လုပ်ပြီးတဲ့ အခါ) ကျွန်တော်တို့ ဆိုဒ်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ် ...

Adding Subdomain to Domain Administration

No Response to "How To Setup Subdomain In Plesk Panel"

Post a Comment

powered by Blogger