ကျွန်တော်တို့ SQL server ကို တင်ခဲ့တုန်းက Name Instance နဲ့ တင်ခဲ့့ပါတယ်။ အခုမှားသွားလို့ ဖြုတ်မယ်လည်းလုပ်ရော ဘယ်မှာ ပြန်ဖြုတ်ရမလဲ မသိတော့ဘူး။ တစ်ချို့ website မှာ ရေးထားတာက window installer cleanup utility နဲ့ လုပ်တယ် လို့ ပြောတာပဲ.ဒါနဲ့ download ချကြည့်တာ မရတော့ဘူး။ နောက်ပြီး site တစ်ခုမှာက အဲဒါကို မသုံးတော့ဖို့ ရေးထားပါတယ်။ ဒါနဲ့ အချစ်တော် Google လုပ်လိုက်တဲ့ အခါမှာ Step by step နည်းကို တွေ့ပါတယ်။ ဒါပေမယ့်သူက SQL server တစ်ခုလုံးကို uninstall လုပ်တာ ဖြစ်ပါတယ်။ ဒါနဲ့ အဲဒီနည်းကို အကုန်မသုံးဘဲနဲ့ လိုချင်တဲ့ Instance Server လေးကိုပဲ ကွက်ပြီး uninstall လုပ်ပါမယ်။ အောက်ပါအတိုင်းလုပ်ပါ။
၁။ C:\Program Files\Microsoft SQL Server\90\Setup Bootstrap ကို သွားပါ။
၂။ ပြီးရင် ARPWrapper ကို Run ပြီး အဲဒီမှာပေါ်လာတဲ့ ထဲက uninstall လုပ်ချင်တဲ့ ဟာကို နှိပ်ပါမယ်။ ပြီးရင် သူ့ဟာသူ တစ်ခုချင်းစီကို ထပ်ခါထပ်ခါ uninstall လုပ်ပေးပါ။
အောက်က သုံးခုကို လုပ်စရာမလိုပါဘူး။ ဘာလို့လဲဆိုတော့ အဲဒါက SQL server တစ်ခုလုံးကို uninstall လုပ်မယ် ဆိုတော့မှ လုပ်ရမှပါ။ Analysis service,Database engine,Reporting Services တွေကို တစ်ခုစီ uninstall လုပ်သွားပါ။ Restart လိုအပ်ရင် ချပေးပါ။
၃။ ပြီးရင် SQL server Management Studio ကို ၀င်ပြီး အဲဒီက Registered Servers မှာ ဖျက်လိုက်တဲ့ဟာကို delete လုပ်ပေးပါ။
More info => http://support.microsoft.com/kb/909967
Uninstall and Remove Multiple Database Instances of Microsoft SQL Server 2005
Sunday, November 07, 2010
min that thant
Posted in
sqlserver
Subscribe to:
Post Comments (Atom)

No Response to "Uninstall and Remove Multiple Database Instances of Microsoft SQL Server 2005"
Post a Comment