
အခုနောက်ပိုင်း ဒီ blog template ပြောင်းလိုက်တဲ့အတွက် အရင်လို code တွေကို ရေးတဲ့နေရာမှာ ဘောက်လေးနဲ့ မဖော်ပြတော့ပါဘူး။ ဒီတော့ကာ အဲဒီကုတ်တွေကို မြင်သာအောင် အပြာရောင် နဲ့ နောက်ပိုင်းကို ဆက်ပီးရေးသွားပါမယ်။ နောက်ပီး post title တွေရဲ့ အောက်က ခေါင်းစဉ်ခွဲလေးတွေ နောက်ပီး အမျိုးအစား တွေကို ဖော်ပြတဲ့နေရာမှာ အနီရောင်နဲ့ ဖော်ပြသွားပါမယ်။။ အဲဒီမှာ ကုတ်တွေကို < နဲ့ > တွေပါလာရင် ပြင်ပေးရပါမယ်။ ဒါကိုတော့သိပြီးဖြစ်မှာပါ။ အဲဒါတွေကို ပြင်ပြီးသွားရင် New post က Compose tab ထဲကို ၀င်လို့ မရတော့ပါဘူး။ Preview နဲ့ ကြည့်လို့တော့ရပါတယ်။ Compose tab ထဲကို ၀င်လိုက်တာနဲ့ အဲဒီ ကုတ်တွေက ပျက်သွားပါပီ။ ဒါကြောင့် အဲဒီကုတ်တွေကို color တင်ချင်တဲ့အခါ ဒီ Edit Html tab ထဲမှာပဲ တင်ရပါမယ်.
၁။ အရင်ဆုံး ကုတ်တွေကို select လုပ်ပါ။ ပြီးရင် Bold တင်လိုက်ပါ။
၂။ ပြီးရင်ပေါ်လာတဲ့ < span style="font-weight:bold;"> < /span> ထဲက font-weight:bold; ကို ဖျက်ပီး color:red; ဆိုပြီး ပြင်လိုက်ရင်ရပါပီ။
Applying color to "codeview" in "Edit Html" tab
Wednesday, September 01, 2010
min that thant
Posted in
blog,
Tips and Tricks
Subscribe to:
Post Comments (Atom)

No Response to "Applying color to "codeview" in "Edit Html" tab"
Post a Comment