jQuery.ScrollTopControl အကြောင်း (link to top)

jQuery.ScrollTo by Ariel Flesler
ဒီတလော ကြော်ငြာလေးတွေ့လို့ ကြည့်လိုက်ပါတယ်။ အဲဒီမှာ လုပ်ထားတာလေးကို တွေ့လို့ အရမ်းကြိုက်သွားပြီး code တွေကို ရှာကြည့်လိုက်ပါတယ်။ အဲဒီမှာ jQuery ကို သုံးထားတာတွေ့ရပါတယ်။ အခုနောက်ပိုင်းမှာ javascript လောကမှာ jQuery လိုအသင့်သုံးလေးတွေ တော်တော်ခေတ်စားလာပါတယ်။ အရမ်းလဲ လှပြီး အသင့်သုံးလိုက်ရုံပါပဲ။အဲဒီ code ကိုရှာရင်းနဲ့ အဲဒါကိုတော့ မတွေ့သေးပါဘူး။ အရင်တွေ့တာက page အရမ်းရှည်နေတဲ့ ဘလော့တွေမှာ သုံးတတ်ကြတာလေးပါ။ visitor က ဖတ်ရင်းဖတ်ရင်းနဲ့ page အောက်ဆုံးကိုရောက်သွားရင် အပေါ်ဆုံးကို mouse သုံးပြီး ရွှေ့စရာ မလိုအောင် အောက်မှာ scroll to top ဆိုတဲ့ symbol လေးကို ထည့်ပေးတတ်ကြပါတယ်။ အဲဒါကို နှိပ်လိုက်ရင် page အပေါ်ဆုံးကို ချက်ချင်း ရောက်သွားမယ်ပေါ့။ အခုပြောမှာက အဲလိုလုပ်တာပဲ ဒါပေမယ့် အပေါ်ဆုံးကို ချက်ချင်းရောက်မသွားဘဲ တဖြည်းဖြည်းနဲ့ mouse လေးကို scroll လုပ်ပြီးရောက်သွား သလိုမျိုးလေး ဖြစ်သွားတာအောင် animation ထည့်လိုက်တာပါပဲ။ jQuery ကို သုံးထားပါတယ်။ လုပ်တာက တော်တော်လေးကို လွယ်ပါတယ်။

၁။ ပေးထားတဲ့ Project ထဲက scrolltopcontrol.js နဲ့ jquery.min.js ကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။
၂။ ပုံအနေနဲ့ က အဲဒီ Project ထဲမှာက up.png ကို အသုံးပြုထားပါတယ်။ ကြိုက်သလိုပြင်လို့ ရပါတယ်။ ပုံကို upload တင်ပါ။ ပြီးရင် ရလာတဲ့ link ကို scrolltopcontrol.js ကို ဖွင့်ပြီး controlHTML: ဆိုတဲ့ စာလေးကို ရှာပါ။ အဲဒီနားမှာ ပုံရဲ့ uploaded link လေးထည့်ရမယ့်နေရာ ရှိပါတယ်။ အဲမှာ ထည့်လိုက်ပါ။
၃။ ပြီးရင် ထပ်ပြီး အဲဒီ js ဖိုင်တွေကို upload တင်ပေးပါဦး။
၄။ အဲဒီရလာတဲ့ လင့်တွေကို အောက်ပါအတိုင်းရေးပြီး </head> ရဲ့ အထက်လေးမှာထည့်လိုက်ပါ။
< script type="text/javascript" src="http://smartboy.googlecode.com/files/jquery.min.js"></script>
< script type="text/javascript" src="http://smartboy.googlecode.com/files/scrolltopcontrol.js"></script>
Project download here
MORE INFO => http://www.dynamicdrive.com/dynamicindex3/scrolltop.htm and http://tobielangel.com/examples/auto-scrolling-page-navigation

No Response to "jQuery.ScrollTopControl အကြောင်း (link to top)"

Post a Comment

powered by Blogger