Resources
ဒီ သင်ခန်းစာ ကတော့ ရိုးရိုးလေးပါ. ဒါပေမယ့် ဟက်ကာတစ်ယောက်အတွက် အရေးကြီးတဲ့ အရည်အချင်း တစ်ရပ်လို့တော့ ပြောလို့ရတယ်။ ဟက်ကင်းဆိုတာ အမှန်တော့ ပုံမှန်ဖြစ်နေတဲ့ အရာတွေကနေ ထူးခြား သွားအောင် ဖန်တီးယူထားတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒီကနေပြီးတော့ အားလုံးကို သင်ပေးနိုင်မှာမဟုတ်ဘူး။ ဒီကနေပြီးတော့ ဘာကိုလေ့လာသင့်တယ် ဆိုတာလောက်ကိုပဲ သိအောင်လုပ်ပေးနိုင်မှာပါ။ ကို့ဟာကိုဆက်ပြီး လေ့လာသွားရမှာ ဖြစ်ပါတယ်။ အခုခေတ်မှာ တိုးတက်မှုက အရမ်းကိုမြန်ပါတယ်။ ဒီနေ့ သင်ပေးလိုက်တာက မနက်ဖြန်မှာ မှန်ချင်မှ မှန်ပါတော့မယ်။ဒါကြောင့် ခေတ်ကိုမျက်ခြေမပျက်ဖို့ လိုပါတယ်။ ဒီမှာပါ၀င်တဲ့ စကားလုံးများထဲက မသိတာတွေ ရှိရင် ချက်ချင်းရှာပါ ။ အင်တာနက်မှာဖြစ်ဖြစ် e-book တွေကဖြစ်ဖြစ် ရှာပါ။ မသိတာတွေကို ချန်ထားခြင်းဖြင့် နောက်ပိုင်း lesson တွေမှာ အခက်အခဲတွေကို တွေ့နိုင်ပါတယ်။ ဒီသင်ခန်းစာမှာတော့ ဟက်ကာသမားတွေအတွက် အရေးကြီးတဲ့ Resources အကြောင်းကို ပြောသွားပါမယ်။
Booksစာအုပ်တွေဖတ်တာ ကတော့ အခြေခံ ပိုင်းတွေကို နားလည်ဖို့အတွက် အကောင်းဆုံး နည်းလမ်းတစ်ခုပါပဲ။ Science တစ်ခုရဲ့ အခြေခံကို သိချင်တဲ့ အခါမှာ( ဥပမာ PC တစ်ခုရဲ့ hardware အကြောင်း ) အဲဒီအကြောင်းကို ရေးထားတဲ့ စာအုပ်ကိုဖတ်လိုက်တာလောက် အကျိုးရှိတဲ့ဟာ ရှိမှာမဟုတ်ဘူး။ တချို့စာအုပ်တွေကတော့ update မဖြစ်တာတွေရှိနိုင်ပါတယ်။ ဒါတွေကိုတော့ တခြား resources တွေကနေ ထပ်မံ ရှာယူပြီးတော့ တိုက်ဆိုင်လေ့လာသွား ရပါလိမ့်မယ်။
Magazines and newspapersမဂ္ဂဇင်းတွေနဲ့ သတင်းစာတွေကို တော့ အချိန်လိုက် သတင်းတွေကို ရယူချင်တဲ့ အခါမှာ သုံးပါတယ်။ social engineering နဲ့ password cracking ကိစ္စတွေမှာ ဟက်ကာတွေက ဒီအထဲကနေ သူတို့လိုချင်တဲ့ အချက်အလက် တွေကို ရှာယူတတ် ကြပါတယ်။
Zines and BlogsZines ဆိုတာကတော့ သေးငယ်တဲ့ free magazines တွေဖြစ်ပါတယ်။သူတို့ရဲ့ ထုတ်ဝေမှုက (၁၀ ၀၀၀ အောက်) မှာ ရှိပါတယ်။ ၀ါသနာတူလူများ စုပြီး ထုတ်လိုက်ကြတာဖြစ်ပါတယ်။ Blog ကတော့ zine ရဲ့ ခေတ်ပေါ် အမျိုးအစားတစ်ခု ဖြစ်ပါတယ်။
Forums and Mailing ListsForums တွေနဲ့ Mailing Lists တွေကတော့ လူတွေအများကြီးရဲ့ (အဖွဲ့အစည်းတွေရဲ့ ) ၀င်ရောက်ဆွေးနွေးကြ တာတွေကိုမှတ်တမ်းလုပ်ထားတဲ့ဟာ ဖြစ်ပါတယ်။ ဆွေးနွေးကြတာတွေကတော့ အကြောင်းအရာ အစုံပါ၀င်ပါတယ်။
Newsgroups
Newgroups ကတော့ ပေါ်ပေါက်ခဲ့တာ ကြာပါပြီ။ newgroups တွေအားလုံးကို ဂူးဂယ်ကနေပြီးတော့ ပေါင်းစည်းပြီး http://groups.google.com မှာ စုထားပေးပါတယ်။ ၁၉၉၀ လောက်ကတည်းက ပို့တွေကို ရှာလို့ရနိုင်ပါသေးတယ်။ newgroups တွေက blog နဲ့ forum တွေ ပေါ်ပေါက်လာတဲ့ အခုအခါမှာတော့ အနည်းငယ် မှေးမှိန်သွားပါပြီ။
Websites၀က်ဆိုဒ်တွေကတော့ search engine များနဲ့ အလွယ်တကူရှာဖွေနိုင်တဲ့အရာတွေ ဖြစ်ပါတယ်။ အကယ်လို့ ကိုယ့်မှာ အချိန်နဲပ hard drive space တွေရှိရုံနဲ့ ကိုယ်ပိုင် search engine ကိုပြုလုပ်နိုင်ပါတယ်။ တခါတရံမှာ actual link တွေအပြင် cache ဆိုတာကိုပါ တွေ့နိုင်ပါတယ်။ cache ဆိုတာကတော့ search engine server မှာကို အဲဒီ website စာမျက်နှာ ကို store ထားလို့ ဖြစ်ပါတယ်။ cache ကိုနှိပ်လိုက်တာနဲ့ ပေါ်လာတဲ့ စာမျက်နှာက search engine server မှာ သိမ်းထားပေးတဲ့ စာမျက်နှာပေါ်လာမှာ ဖြစ်ပါတယ်။
ChatChat ဆိုတာကိုတော့ Internet Relay Chat (IRC) လို့လည်းကောင်း Instant Messaging(IM) လို့လည်းကောင်း သိကြပါတယ်။ လူအချင်းချင်း အလျင်မြန်ဆုံး(Real time) ဆက်သွယ်လို့ ရတဲ့ mode ဖြစ်ပါတယ်။
P2PPeer to Peer ကတော့ အင်တာနက်အတွင်းမှာ ရှိတဲ့ နက်ဝက်လေး တစ်ခုပါပဲ။Instead of many local
computers communicating with each other through a centralized, remote computer, the
computers in a P2P network communicate directly with each other.
Further Lessons
ကိုယ့်ဟာကို အောက်ပါတို့ကိုလေ့လာပါ။
Meta Search
The Invisible Web(that cannot search by search engine)
Google Hacking
How Search Engines Work
The Open Source Search Engine
Saturday, January 02, 2010
min that thant
Posted in 
No Response to "LESSON(1) Being a hacker"
Post a Comment